ကလေးပါ။အလွန်လိုက်ဖက်တဲ့ဟင်းစပ်အတွဲလေးပါပဲ။ဘာစားစားကောင်းတဲ့အရွယ်မို. ခေါင်းမဖေါ်တမ်း
စားခဲ့တာကိုသတိရမိပါတယ်။ခုတော့လဲငါးဆယ်ကိုလေးနှစ်ကျော်ခဲ့ပြီမို.အရင်ကလိုစားမကောင်းတော့
ပါဘူး။အန်တီရေးတဲ့ဟင်းချက်နည်းတွေမှာအချိန်အတွယ်များကိုအတတ်နိုင်ဆုံးကြိုးစားရေးပေးသွား
ပါ့မယ်။တချို့ဟင်းတွေကကိုယ့်မိသားစုအနဲအများအလိုက်ချက်ရတဲ့အတွက်အဆင်ပြေသလိုချက်နိုင်
ပါတယ်။ ရွှေဖရုံသီးဝယ်တဲ့အခါဝါဖျော့ဖျော့ကိုမဝယ်ဘဲအဝါရောင်ရင့်ရင့်ကိုရွေးဝယ်ပါ။ဒါမှစီးပြီး၊
ချိုပါတယ်။မြေဩဇာတွေကြောင့်လားတော့မသိဘူးအရင်ကလောက်တော့မစီး၊မချိုပါ။ရွှေဖရုံသီးကို
အခွံကွက်ကြားနွှာပြီးရေဆေး၍အနေတော်တုံးပါ။ဟင်းခတ်ကတော့ပုဇွန်စို၊ပုဇွန်ခြောက်နှင့်ကြက်ရိုးတို.
ကိုအသုံးပြုနိုင်ပါတယ်။သတ်သတ်လွတ်လဲချက်နိုင်ပါတယ်။အိမ်မှာတော့ပုဇွန်အသေးလေးတွေရှိ
နေတာနဲ့ပုဇွန်နဲ့ဘဲချက်လိုက်ပါတယ်။ကြက်သွန်နီနှင့်ဂျင်းအနည်းငယ်ကိုဆီသတ်ပါ။ဆနွင်းမှုန်.နှင်.
ငရုတ်သီးအရောင်တင်မှုန်.အနည်းငယ်ထဲပြီးနောက်ဖရုံသီးထဲ့၍လုံးပါ။ထို.နောက်ရေအနဲအများကို
မိမိအကြိုက်ပေါ်မူတည်၍ထဲ့ပြီးအရည်ဆူလျှင်အပေါ့၊အငံမြည်း၍ရွှေဖရုံသီးနူးလျှင်ကျက်ပါပြီ။ငံပြာရည်
နှင့်ဆားကြိုက်ရာသုံးနိုင်ပါတယ်။အိုးမချခင်ရှမ်းနံနံ(သို.)ပင်စိမ်းလေးအုပ်လျှင်မွှေး၍စားကောင်းပါတယ်။
မကြိုက်လို.မထဲ့လဲရပါတယ်။ဒီကဖရုံသီးတွကအနူးမြန်ပါတယ်။ကြက်ရိုးဖြင့်ချက်လျှင်
အရင်ချက်ပြီးမှဖရုံသီးရောပါ။
ရွှေဖရုံသီးချက်
မန်ကျည်းသီးစိမ်းကြော်
မကျည်းသီးစိမ်းကိုတော့ပင်နီစူလာနှင့်ကုလားဈေးကတရုတ်ဆိုင်တချို.မှာရနိုင်ပါတယ်။ဝယ်တဲ့အခါအနေတော်လေးတွေရွေးဝယ်ပါ။သေးလျှင်ဖန်ပြီးကြီးလျှင်ချဉ်ပါတယ်။ဒီမှာတော့မြန်မာပြည်လို
စိတ်ကြိုက်မရနိုင်တော့ရတာဘဲဝယ်စားရတယ်လေ။အတောင့်ကြီးလျှင်အခွံလေးတွေကိုအဖန်ဓါတ်လျှော့
အောင်ခြစ်ပစ်ပါ။ပြီးရေစင်အောင်ဆေး၍ထောင်း(သို.)စက်ဖြင့်ကြိတ်ပါ။ထောင်း(သို.)ကြိတ်နေစဉ်
ဆားနဲနဲစီထဲ့ပေးပါ။ဆားမထည့်ပေးပါကမဲသွားပြီးကြော်သောအခါအရောင်မလှတော့ပါ။ဦးစွာ
ကြက်သွန်နီကိုဆီသတ်ပြီးဆနွင်းမှုန့်ျနှင့်အရောင်တင်မှုန်.အနည်းငယ်ထဲ့ပါ၊ပြီးငပိနှင့်ငံပြာရည်ထဲ့၍ငပိနံ့
ပျောက်သည်နှင့်မကျည်းသီးထဲ့မွှေပါ။နောက်ပုဇွန်ခြောက်ထဲ့၍နှံ.အောင်မွှေပြီှးဆီကလေးများပြန်ထွက်
လာလျှင်ငရုတ်သီးစိမ်း၎/၅တောင့်ထဲ့ပြီးရှမ်းနံနံ(သို.)ပင်စိမ်း(သို.)နံနံပင်အုပ်၍သုံးဆောင်နိုင်ပါပြီ။
အန်တီကတော့ခန်.မှန်းခြေမကျည်းသီး(၁)ဆကိုကြက်သွန်နီနှင့်ပုဇွန်ခြောက်(၁)ဆခွဲစီထဲ့ပါတယ်။
ငပိနှင့်ငံပြာရည်ကတော့စားပွဲဇွန်း၁ဇွန်းမရှိတရှိထဲ့ပါတယ်။အချိုမှုန်.ကြိုက်လဲထဲ့လို.ရပါတယ်။ဒီနေရာမှာ
အန်တီ့အမေခဏခဏပြောတဲ့စကားလေးကိုသွားသတိရမိတယ်။
ဘာလဲဆိုတော့ဆရာစားချန်ထားဆိုတဲ့စကားလေးပါ။ပေါ့ရင်ပြင်လို.ရတယ်၊မချဉ်ရင်
ထပ်ထဲ့လို.ရတယ်၊လွန်သွားရင်ဟင်းပျက်ရောဆိုတာပါဘဲ။
ရွှေဖရုံအီအီလေးကိုမကျည်းသီးစိမ်းကျော်ချဉ်ဖြုန်းလေးနဲ.ရောနယ်စားရတာကြိုက်တဲ့လူအတွက်တော့
ထမင်းမိန်စရာပါ။တခုတော့တောင်းပန်ပရစေဖတ်ရတာထောက်နေရင်သော်၎င်း၊မရှင်းလင်းလျှင်သော်
၎င်းခွင့်လွှတ်ပါ။ကြိုးစားပြီးရေးပါ့မယ်။
အားလုံးထမင်းမိန်ကြပါစေ။...........။
မန်ကျည်းသီးစိမ်းကြော် စားသွားပါတယ်။
ReplyDeleteအရမ်းစားကောင်းတာပဲ။ :)
ဟင်းစပ်ပုံလေးကောင်းတယ် အန်တီ။ ရွှေဖရုံသီးကို ချိုလို့သိပ်မချက်ဖြစ်ဘူး။ အဲလိုလေး မန်ကျည်းသီးနဲ့ဆိုရင်တော့ စားကောင်းမယ့်ပုံပဲ
ReplyDeleteဂွတ်ဂွတ်.
ReplyDeleteကျမရဲ့ အမေ ဖေးဘရိတ် ဟင်းတွဲပါ။ အမေ့ကိုသတိရမိပါတယ်။
ReplyDeleteအိုင်အိုရာ
မကျည်းသီး စိမ်း ကြော်မစားရတာကြာပီ ...စားချင်ဖွယ်ပါပဲ ကျေးဇူးပါ
ReplyDelete