Friday 18 November 2011

ကမ္ဘာ.သစ်ခွပွဲတော်

မြန်မာပြည်ကရောက်မဆိုက်မှာဘဲသစ်ခွပွဲနဲ.တိုးနေတာနဲ.သွားကြည့်ဖြစ်
ပါတယ်။ပန်းလှလှလေး တွေဆိုကြည့်ဖို.သိတ်ဝါသနာပါပေမဲ့
ပန်းအကြောင်းတော့လုံးဝနားလည်ပါ။ဒါပေမဲ့အများကတော့ပြောကြတယ် လက်ဆိပ်ရှိတယ်လို.။စိုက်သမျှအကုန်ရှင်လို.လေ။စင်္ကာပူလိုနေရာမျိုးမှာ
လဲမြေကခပ်ရှားရှား၊နေရတော့လဲတိုက်ခန်းဆိုတော့အပင်တွေနဲ.ဝေး
သထက်ဝေးပေါ့။တစ်ခါတစ်လေကြုံတဲ့ပွဲလေးကိုမလွတ်တမ်းသွားခဲ့ပါတယ်။

ကြုံတောင်ကြုံခဲမို့ပါ။ ဒီသစ်ခွပွဲက စင်္ကာပူမှာ ၂နှစ် ၁ ကြိမ် လုပ်တဲ့သစ်ခွပန်းပြပွဲနဲ့မတူပါဘူး။ 
တစ်ကမ္ဘာလုံးဆိုင်ရာသစ်ခွညီလာခံလို့
ဆိုနိုင်ပါတယ်။လွန်ခဲ့တဲ့၄၈နှစ်ကစင်္ကာပူမှာတစ်ကြိမ်ကျင်းပခဲ့ဖူးပါတယ်။
ခုမှ စင်္ကာပူ အလှည့်ကျပြန်တာပါ။ ဒါကြောင့် ကြုံတောင်ကြုံခဲမို့ သွားသင့်ပါတယ်။အသေးစိတ် သိလိုရင် World Orchid Conference Website မှာ သွားလေ့လာနိုင်ပါတယ်။

လက်မှတ်ခက ကြားနေ.ကို စင်္ကပူ ၁၅ ဒေါ်လာနဲ.ပိတ်ရက်ကို ၂၀ ပါ။၂၀ ရက်နေ.ထိမို.
ဒီအပတ်ပိတ်ရက်တွေမှာသွားနိုင်ကြပါတယ်။ဲနံနက် ၁၀နာရီမှည၉နာရီထိဖွင်.ပါတယ်။ပြပွဲအပြင် garden by the bay ကိုလဲတစ်ခါထဲသွားကြည့်နိုင်ပါတယ်။ နောက်နှစ်မှဖွင့်မှာဖြစ်ပေမဲ့
ခု အထူး ဖွင့်ပေးခြင်းပါ။မမြင်ဖူးအသွင်ထူးလှတဲ.ရှားစောင်းမျိုးစုံနဲ.
သစ်ပင်ပန်းမန်မျိုးစုံတို.ကိုကြည့်လို.ကိုမဝနိုင်ပါ။


ဒီပုံက အနှစ် ၁၀၀၀ သံလွင်ပင်ပါ။ အနှစ် ၁၀၀၀ ၊ ရှည်လိုက်တဲ့ အသက်နော်။ အထင်တော့မသေး လိုက်လေနဲ့။အရွက်စိမ်းစိမ်း လေးတွေနဲ့ဆိုတော့
နောက် ဘယ်နှစ်နှစ်များ ရှင်သန်ဦး မလဲ တွေးစရာပါ။

ပေးရတဲ.ငွေနဲ.မကအောင်ကိုတန်ပါတယ်။ပန်းပြပွဲမှာပြထားတဲ့ပန်းတွေကလဲ အရောင်စုံ၊အမျိုးပေါင်းစုံလှပါတယ်။မြန်မာနိုင်ငံက ကချင်မလေး
နှစ်ယောက်ကိုလဲပြပွဲမှာ တွေ.လိုက်ရ ပါသေးတယ်။အချိန်လဲပေးနိုင် ဝါသနာလဲ ပါတယ်ဆိုရင်တော့သွားသ့င်တဲ့ပွဲလေးတစ်ပွဲပါ။




အားလုံး ကျန်းမာရွှင်လန်းပါစေ။

Tuesday 15 November 2011

တန်ဆောင်တိုင်ပွဲတော်

မင်္ဂလာပါ။အန်တီဦး ပြန်ရာက်ပါပြီ။
မြန်မာပြည်ကပြန်ခါနီးမှာဘဲ တန်ဆောင်တိုင်ပွဲ နဲ.ကြုံကြိုက်လိုက်ပါတယ်။ကြုံတောင့်ကြုံခဲမို.
ဆင်နွှဲချင်ပေမဲ့လူကြားထဲမတိုးနိုင်တာနဲ.အစပ်ကလေးမှာတင်တွေ.တဲ.ဆိုင်လေးတွေကို ဓါတ်ပုံ
ရိုက်ယူခဲ့ပါတယ်။ရန်ကုန်အနောက်ပိုင်း လမ်းမတော်လမ်းမှမော်တင်လမ်းအထိ ကျုံးကြီးလမ်း
တလျောက်ကျင်းပတဲ့တန်ဆောင်တိုင်ပွဲတော်ကြီးကစည်ကားလွန်းပါတယ်။ဝတ်စားပြင်ဆင်
စားသောက်၊ပျော်ရွှင်နေတဲ့လူအုပ်တန်းကြီးကိုကြည့်ပြီး မြန်မာပြည်မှာဖြစ်ပေါ်နေတဲ့လူမှု ဒုက္ခ
အဝဝဟာဟုတ်မှဟုတ်ပါလေစလို.လဲအတွေးဝင်မိပါတယ်။ဝမ်းသာစရာ တစ်ခုကတော့
ဘယ်လောက်ပဲ ဆင်းရဲကျပ်တည်းနေပါစေ ကထိန်ပဒေသာပင်တွေကိုတော့နေရာတိုင်းမှာ
တွေ.ရတာပါဘဲ။လူကြားထဲတိုးဝှေ.ပြီးရိုက်ခဲ့ရတာမို.ဓါတ်ပုံများသိတ်တော့မကောင်းလှပေမဲ့ရန်ကုန်
တန်ဆောင်တိုင်ပွဲတော်ကိုအလွမ်းပြေကြည့်ရတာပေါ့နော်။အားလုံးဟာ စားချင်စရာတွေဖြစ်ပေမဲ့
ကိုယ့်ဗိုက်ကိုယ် စိတ်မချတာရယ်၊ဆီ ကိုကြောက်တာရယ်ကြောင့် သွားရည်ယိုပြီး ပြန်ခဲ့ပါတယ်။
အားလုံးကိုလဲ သိတ်သတိရပါတယ်။