Sunday 31 July 2011

ရွှေဖရုံသီးမုန်.(သို.)အော်ကွေ.ကျီ

အရင်ဆုံးဒီပိုစ့်ဖြစ်ပေါ်လာပုံလေးပြောပရစေ။ရွှေဖရုံသီးချက်စားတုံးကပိုနေတဲ့တစိတ်ကို ထပ်ဖြည့်ပြီးလည်းမစားချင်၊လွှင့်လဲမပစ်ရက်တာနဲ. နောက်ဆုံးမုန်.လုပ်စားဖြစ်သွားတာပါ။

လိုအပ်သောပစ္စည်းမျာ
  • ဆန်မှုန်.စိမ်း       210gm
  • ရွှေဖရုံသီး          250gm        
  • ပုဇွန်ခြောက်       20 gm
  • ရေ                  650gm
  • ကြက်သွန်နီကြော်အနည်းငယ်
  • ငရုတ်ကောင်းမှုန်.အနည်းငယ်
  • ဆီ

မုန့်မပေါင်းမှီ

Saturday 30 July 2011

ဖက်ထုပ်ပြုတ်ကြော်


လိုအပ်သောပစ္စည်းများ
  • 25         ဖက်ထုတ်ရွက်
  • 120gm     ကြက်/ဝက် 
  • 100gm    ဂေါ်ဖီ
  • 50gm      မုန်လာဥနီ
  • 50gm      ကူလ်ချိုင်
  • ဆီမွှေးအနဲငယ်
  • ဂျုံမှုန်.အနည်းငယ်  

ကူလ်ချိုင်
    အသားတွင်းအရသာထဲ့ရန်ပစ္စည်းများ
    • 1/2  tbsp   ပဲငံပြာရည်အကြည်
    • 1/2  tbsp   နှမ်းဆီမွှေး
    • 1/2  tbsp   ခရုဆီ
    • 1/2  tsp     သကြား
    • ဂျင်းအနဲငယ်
    •  ကြက်သွန်ဖြူအနဲငယ်
    • ငရုတ်ကောင်းမှုန်.အနဲငယ်
    • ကော်မှုန်.အနည်းငယ် 

    ဖက်ထုတ်နှင့်စားရန်ဆော့စ်
    • 1tbsp   ရှာလကာရည်
    • 1tsp     ပဲငံပြာရည်အကြည်
    • ဂျင်းအနဲငယ်  

    Wednesday 27 July 2011

    ငါးပုဏ္ဏားအိုးကပ်ချက် နှင်. ကြောင်လျှာသီးသုတ်

    ဒီချိန်ဆိုမြန်မာပြည်မှာငါးပုဏ္ဏားပေါ်ချိန်ပေါ့။ဒီမှာတော.မြန်မာပြည်လောက်မလတ်ပေမဲ့ဒီတခါဝယ်လာတာမဆိုးပါဘူး။အကြီးအသေးရောနေတဲ့(၁၁)ကောင်ကိုစလုံး(၅)ဒေါ်လာပေးရပါတယ်။
    အိမ်ရှိလူ(၅)ယောက်စားမလောက်ပါဘူး။ဒါပေမဲ့ကလေးတွေကငါးဆိုချက်တာမကြိုက်လို.အတော်ဖြစ်သွားတယ်။သူတို.အတွက်ကက်သားကြော်ပေးပါတယ်။
    ငါးကိုအကြေးပြန်ထိုးရေဆေးပြီးဆား၊ဆနွင်းနယ်ပါ။နယ်ပြီးလျှင်ခေါင်းလေးတွေဖြုတ်ပါတယ်။ ထည့်ချက်လျှင်လည်းအခြားငါးတွေလိုအသားမရှိတော့ဖြုတ်ပြီးနွှင့်ပစ်မဲ့အတူတူမချက်ခင်အရင်
    ကြော်လိုက်တော့မလေလွင့်တော့ဘူးပေါ့။ဆီရောအိုးပါသီးသန်.သုံးစရာလဲမလိုဘူးလေ။
    ကြက်သွန်ဖြူ၊နီကိုဆီသတ်ပြီးအခြားငါးတွေချက်သလိုဘဲချက်ပါတယ်။တခုသတိထားရမှာကတော့
    ငါးပုဏ္ဏားကအရမ်းနုပါတယ်။ဒါကြောင့်ဂေါ်ပြားလေးနဲ.တဖက်စီဖြေးညှင်းစွာလှန်ပေးပါ။
    ပေါ့လျှင်ငံပြာရည်ထဲ့ပါ။နံနံပင်လေးအုပ်ပြီးအိုးကိုခပ်စောင်းစောင်းလေးလှဲ.ပေးခြင်းဖြင်.
    မွှေးပြီးစားချင့်စဖွယ်ငါးပုဏ္ဏားအိုးကပ်လေးတခွက်ရပါပြီကွယ်။(ရန်ကုန်ကလူကြုံထဲ့ပေးလိုက်တဲ့ပုဇွန်ဆိတ်
    လေးနဲနဲပါထဲ့ချက်ထားပါတယ်)


    ကြောင်လျှာသီးကိုပါးပါးလှီးဆားနှင်.နယ်ပြီး(၂)ထပ်လောက်ဆေးပစ်ပါ။
    အခါးကြောက်ရင်တော့(၃)ထပ်လောက်ဆေးပါ။အခါးဓါတ်ကိုစားတာဖြစ်လို.(၂)ထပ်ဆိုလုံလောက်ပါတယ်။
    ကြက်သွန်စိမ်း၊ပဲမှုန်.၊ကြက်သွန်နီဆီချက်၊ပုဇွန်ခြောက်မှုန်.၊အချိုမှုန်.၊ငံပြာရည်၊
    သံပုရာသီးညှစ်၍သုပ်ပါ။အန်တီကအချိုမှုန်.ကိုအသုတ်ကလွဲလို.မသုံးပါဘူး။
    ကြောင်လျှာသီးဟာနားအူ၊နားလေထွက်တာတွေကိုသက်သာပျောက်ကင်းစေတယ်လို.ကြားဖူးတဲ့အတွက်တစ်ခါတလေစားသုံးသင့်ပါတယ်။


    ကြက်သားကြော်ရာတွင်လည်းအဖုံးအုပ်ပြီးကြော်ပါ။အဖုံးမှပြန်ကျသောချွေးဖြင့်ကြက်သားကိုပြုတ်ပြီးမှ
    ကြော်သကဲ့သို.ဖြစ်စေသဖြင့်ပို၍စားကောင်းပါတယ်။


     

    အရည်သောက်ကတော့ကြာဇံချက်လေးချက်လိုက်ပါတယ်။ချက်နည်းကတော့အားလုံးသိပြီးမို. 
    မရေးတော့ပါဘူးနော်။


    အားလုံးထမင်းမိန်ကြပါစေကွယ်။

    Sunday 24 July 2011

    ရွှေဖရုံသီးချက်နှင့်မန်ကျည်းသီးစိမ်းကြော်

    အန်တီတို.ငယ်ငယ်တုံးကမန်ကျည်းသီးစိမ်းပေါ်ချိန်ဆိုမေမေမကြာခဏချက်ကျွေးခဲ့တဲ့ဟင်းစပ်
    ကလေးပါ။
    အလွန်လိုက်ဖက်တဲ့ဟင်းစပ်အတွဲလေးပါပဲ။ဘာစားစားကောင်းတဲ့အရွယ်မို. ခေါင်းမဖေါ်တမ်း
    စားခဲ့တာကို
    သတိရမိပါတယ်။ခုတော့လဲငါးဆယ်ကိုလေးနှစ်ကျော်ခဲ့ပြီမို.အရင်ကလိုစားမကောင်းတော့
    ပါဘူး။အန်တီရေးတဲ့ဟင်းချက်နည်းတွေမှာအချိန်အတွယ်များကိုအတတ်နိုင်ဆုံးကြိုးစားရေးပေးသွား
    ပါ့မယ်။တချို့ဟင်းတွေကကိုယ့်မိသားစုအနဲအများအလိုက်ချက်ရတဲ့အတွက်အဆင်ပြေသလိုချက်နိုင်
    ပါတယ်။ ရွှေဖရုံသီးဝယ်တဲ့အခါဝါဖျော့ဖျော့ကိုမဝယ်ဘဲအဝါရောင်ရင့်ရင့်ကိုရွေးဝယ်ပါ။ဒါမှစီးပြီး၊
    ချိုပါတယ်။မြေဩဇာတွေကြောင့်လားတော့မသိဘူးအရင်ကလောက်တော့မစီး၊မချိုပါ။ရွှေဖရုံသီးကို
    အခွံကွက်ကြားနွှာပြီးရေဆေး၍အနေတော်တုံးပါ။ဟင်းခတ်ကတော့ပုဇွန်စို၊ပုဇွန်ခြောက်နှင့်ကြက်ရိုးတို.
    ကိုအသုံးပြုနိုင်ပါတယ်။သတ်သတ်လွတ်လဲချက်နိုင်ပါတယ်။အိမ်မှာတော့ပုဇွန်အသေးလေးတွေ
    ရှိ
    နေတာနဲ့
    ပုဇွန်နဲ့ဘဲချက်လိုက်ပါတယ်။ကြက်သွန်နီနှင့်ဂျင်းအနည်းငယ်ကိုဆီသတ်ပါ။ဆနွင်းမှုန်.နှင်.
    ငရုတ်သီးအရောင်တင်မှုန်.အနည်းငယ်ထဲပြီးနောက်ဖရုံသီးထဲ့၍လုံးပါ။ထို.နောက်ရေအနဲအများကို
    မိမိအကြိုက်ပေါ်မူတည်၍ထဲ့ပြီးအရည်ဆူလျှင်အပေါ့၊အငံမြည်း၍ရွှေဖရုံသီးနူးလျှင်ကျက်ပါပြီ။ငံပြာရည်
    နှင့်ဆားကြိုက်ရာသုံးနိုင်ပါတယ်။အိုးမချခင်ရှမ်းနံနံ(သို.)ပင်စိမ်းလေးအုပ်လျှင်မွှေး၍စားကောင်းပါတယ်။
    မကြိုက်လို.မထဲ့လဲရပါတယ်။ဒီကဖရုံသီးတွကအနူးမြန်ပါတယ်။ကြက်ရိုးဖြင့်ချက်လျှင်
    အရင်ချက်ပြီးမှဖရုံသီးရောပါ။


    Saturday 23 July 2011

    ဆားငံသီး ငါးပေါင်း

    ပထမဦးစွာတောင်းပန်ပါရစေ။ဦးဆုံးတင်သောပိုစ့်ဖြစ်သောကြောင့် စာများအပ်ကြောင်း ထပ်နေလျှင် သော်၎င်း၊  အမှားများပါနေခဲ့သော်၎င်း ခွင့်လွှတ်ပါ။အင်္ဂလိပ်စာ ကို မကျွမ်းသလို မြန်မာစာ ကိုလည်း ကောင်းစွာမရိုက်တတ်ပါ။ ဟင်းချက်ဝါသနာပါသောကြောင့် ဟင်းချက်နည်းပါသော ဘလော့်များကိုအမြဲရှာဖွေဖတ်ရှုပါတယ်။

    ဝါသနာအရချက်ဖြစ်ခဲ့တဲ့ဟင်းချက်နည်းလေးတွေကိုမျှဝေပါရစေ။cholestrol များနေတဲ့အတွက်ခုတလော အပေါင်းတွေ၊အပြုတ်တွေဘဲ အစားများနေပါတယ်။ ဆားငံသီးငါးပေါင်း နည်းလေးကိုပြောပြပါရစေ။ ငါးကိုအစိမ်း သို့မဟုတ် အကြော်ကိုအသုံးပြုနိုင်ပါတယ်။ ငါးအညှီနံ့ကြောက်တယ်ဆိုရင်တော့ ငါးကိုမကျက်တကျက်ကြော်ပါ။ ကြိုက်တဲ့ငါးကိုသုံးနိုင်ပါတယ်။အန်တီ ကတော့ salmon နဲ. seabass(ကက္ကတစ်) ကိုသုံးပါတယ်။

    Friday 8 July 2011

    မင်္ဂလာပါ။

    မင်္ဂလာပါ။
    အန်တီ ဘလော့် ကို လာရောက် လည်ပတ်တဲ့ အတွက် ကျေးဇူးတင်ပါတယ်။
    အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။
    အန်တီကတော့ မိသားစု နှင့် အတူ စင်္ကပူနိုင်ငံ တွင်နေပြီး အချက်အပြုတ် ဝါသနာ ပါတဲ့ အိမ်ရှင်မတစ်ဦး ဖြစ်ပါတယ်။နေ.တိုင်းနီးပါး ဘလော့် များကိုသွားရောက်လည်ပတ်ခဲ့တာ ၃ နှစ် ကျော်ခဲ့ပါပြီ။ခုတော့  ကိုယ်တိုင် ရေးချင်စိတ်ပေါက်လာတာနဲ. တစ်လုံးချင်းရိုက် ပြီးရေးလိုက်တာပါ။အိမ်ထောင်သက် ၂၇ နှစ်နဲ.အတူ မီးဖိုချောင်သက် အတွေ.အကြုံလေးတွေကို မျှဝေပရစေ။လာရောက် လည်ပတ် အားပေး လှဲ.ပါ လို.ဖိတ်ခေါ် ပါရစေ။