Thursday 26 April 2012

ဖလံတောင်ဝှေးကြော်(ရာသီစာ)

ဖလံတောင်ဝှေးဆိုတာပေါ်တုံးစားရတဲ့ရာသီစာလေးပါ။ငယ်ငယ်တုံးကဖလံတောင်ဝှေးပေါ်ချိန်ဆို
တစ်အိမ်လုံးကြိုက်လို.မေမေက တပါတ်မှာသုံးရက်လောက်ကြော်ကျွေးတယ်။ဒါလဲမငြင်းတမ်း
အားပေးကြတာပါဘဲ။ခုတော့အရသာတောင်ခပ်မေ့မေ့ ဖြစ်နေပါပြီ။ဟိုတလောက ပင်နီစူလာသွား
တော့ ဆိုင်တစ်ဆိုင်မှာအစည်းလိုက်တွေတွေ.တော့ဝမ်းသာအားရဝယ်ခဲ့လိုက်တယ်လေ။အရင်နှစ်
တွေကတော့ရှိမရှိမသိဘူး၊ဒီနှစ်မှတိုက်တိုက်ဆိုင်ဆိုင်တွေ.တာ ဝယ်လွန်းလို.ဆိုင်ကတောင်မှတ်မိ
နေတယ်။ဒေါ်ဦးတို.ငယ်ငယ်ကဖလံတောင်ဝှေးဝယ်ရင်လိုတာထက်ပိုဝယ်ရတယ်။ဘာလို.လဲဆိုတော.
အောက်ပိုင်းအရင့်တွေဖယ်ပစ်ရတော့ဘာမှ မကျန်တော့လို.လေ။ဓါတ်မြေသြဇာတွေဘဲကောင်းလာ
လို.လားမသိဘူး အရင်လိုပိန်ပိန်လေးတွေမဟုတ်တော့ဘူး၊ဝတုတ်ကြီးတွေနဲ.တချောင်းလုံးနုမှနု။
မြန်မာပြည်မှာတော့အခွံခွာရောင်းတယ်။ဒီမှာကတော့မခွာထားဘူး။အထားမခံမှာစိုးလို.နဲ.တူတယ်။
ကြော်ကြမယ်နော်။အရင်ဆုံးအခွံခွါ ထိပ်ပိုင်းတွေဖြတ် ပြီးတစ်ချောင်းချင်းထုပါတယ်။ကြေသွားအောင်
တော့မထုနဲ.နော်။ထုပြီးသားတွေကို ဆားရေ(သို.)ဆနွင်းနဲနဲထည့်ထားတဲ့ရေထဲထဲ့စိမ်ထားပါ။သံဓါတ်
များလို.လားမသိဘူး ထုရင်းနဲ.ကို ညိုလိုက်လာလို.ပါ။
အိုးထဲဆီထဲ့ ကြက်သွန်နီလေးဆီသတ် ရေထဲကဖလံတောင်ဝှေးလေးတွေဆယ်ထဲ့ ပုဇွန်ခြောက်မှုန်.
နည်းနည်းထဲ့ အပေါ့အငံလေးမြည်းပြီးစားလို.ရပါပြီ။ငံပြာရည်ထဲ့ရင်မဲသွားတတ်လို.ဆားနဲ.ဘဲကြော်
ပါတယ်။အချိမှုန်.လေးထည့်ပြီးသတ်သတ်လွတ်လဲကြော်စားလို.ရပါတယ်။ချိုချိုလေးနဲ.စားလို.ကောင်း
တဲ့ရာသီစာဟင်းလေးတစ်ခွက်ပါ။အရင်တုံးကတော့အလေ့ကျပေါက်တာတွေကိုချိုးယူတာ၊ခုတော့
ပေါက်စရာမြေနေရာလဲမရှိတော့လို.ဓါတ်မြေသြဇာတွေနဲ.စိုက်တယ်လို.ထင်တယ်။ကိုယ်ဘဲအသက်
ကြီးလာလို.လားတော့မသိဘူးဟိုးအရင်တုံးကလောက်စားမကောင်းတာတော့ အမှန်ဘဲ။
အခွံမခွာခင်

အခွံခွာပြီး

ကြော်ပြီးပါပြီ

Sunday 15 April 2012

အစာလည်းဆေး၊ဆေးလည်းအစာ(ခရမ်းကဆော့ခါးသီး)

ခရမ်းကဆော့သီး လေးတွေအကြောင်းမဂ္ဂဇင်းတစ်စောင်မှာဖတ်လိုက်ရပါတယ်။ဟင်းရည်ချက်
သောက်ရင်ချောင်းဆိုးပျောက်တဲ့အကြောင်းပါ။ရေးထားတဲ့အထဲမှာတော့ အလုံးသေးသေး
စိမ်းစိမ်း နဲ.အခါးမျိုး၊ဒါပေမဲ့ဒီမှာရှိတာက အလုံးကြီးကြီးနဲ.အစိမ်းဖျော့ အချိုမျိုး၊ဘယ်လိုဖြစ်ဖြစ် စမ်းကြည့်
ဖို.ဆုံးဖြတ်လိုက်ပါတယ်။ဒေါ်ဦးမှာ ချောင်းမဆိုးပေမဲ့ ညညအိပ်ရင်လည်ပင်းထဲမှာချွဲဆို.သလိုခံစား
နေရတာနှစ်တော်တော်ကြာနေပါပြီ။အိပ်မပျော်မချင်း တဟင်;ဟင်;နဲ. အနေခက်ပါတယ်။ချွဲဟပ်
လို.လဲမရပါဘူး။နောက်ပိုင်း သူများညွှန်တာနဲ.မြန်မာပြည်ကဆေးမှာပြီး အိပ်ခါနီးငုံအိပ်မှဘဲရသွား
တော့တယ်။(ဆေးက mybacin lozenges ပါ) ဆေးဆိုတာ ရေရှည်စွဲသုံးရင်မကောင်းတော့
နည်းလမ်းရှာရင်းနဲ.ဖတ်မိသွားရာကစမ်းကြည့်စားတာပါ။ရေးထားတဲ့အထဲမှာချဉ်ရေချက်တယ်
ဆိုပေမဲ.ချက်နည်းမပါတော့စမ်းမချက်ရဲဘူး၊မကောင်းမှာစိုးလို.လေ။ဒါနဲ.ကိုယ်ချက်တတ်သလိုစမ်းချက်
ကြည့်လိုက်ပါတယ်။ဒါကလည်း သူငယ်ချင်းတစ်ယောက်ရဲ.နည်းပါ။တစ်ခါမှတော့မစမ်းဖူးဘူး။
ခရမ်းသီးမျိုးနွယ်တွေဆို လေထတတ်လွန်းလို.ဝေးဝေးရှောင်ထားလို.ပါ။
ချက်နည်းလေးကိုပြောပြမယ်နော်။ခရမ်းကဆော့သီးလေးတွေကို အညှာချွေ ရေဆေးပြီး အိုးကင်းပူ
တိုက်တယ်။(ဒယ်အိုးထဲထဲ့ပြီးမီးအနေတော်လေးနဲ.မွှေပေးနေတာ)အသီးလေးတွေ ရှုံ.ပြီးအရောင်ပြောင်းလာရင်ရပါပြီ။ပြီးရင် ဓါးပြားလေးနဲ.ဖြစ်ဖြစ်၊ငရုတ်ကျည်ပွေ.လေးနဲ.ဖြစ်ဖြစ် တစ်ချက်စီလောက်ထုလိုက်ပါ။ချက်တဲ့အခါ ခရမ်းသီးနှပ်တဲ့အတိုင်းပါဘဲ။ကြက်သွန်ဖြူ နီ၊ငရုတ်သီးနဲ.ဆနွင်းမှုန်.တို.ကိုဆီသတ်ပြီးရင်အသီးထဲ့ပုဇွန်ခြောက်မှုန်.နဲ.ဆားအနည်းငယ်
ထဲ့မွှေပြီးရေထည့်ရေခန်းပြီးနူးရင်အပေါ့အငံမြည်းပြီးစားလိုရပါပြီ။
ခရမ်းသီးမျိုးတွေချက်တဲ့အခါငံပြာရည်ကိုသုံးခဲပါတယ်။ဟင်းပိုမဲသွားတတ်လို.ပါ။စားလို.
လဲတော်တော်ကောင်းပါတယ်။အခါးဓါတ်လေးရှိတယ်ဆိုရုံလေးဘဲရှိတော့တယ်။အချိုမျိုးမှို.ထင်ပါရဲ.။
စားပြီးနှစ်ရက်လောက်မှာဘဲ နှစ်ချီခံစားလာရတဲ့ အဟင်; အဟင်;ကြီး ဘယ်ရောက်သွားလဲ
မသိတော့ပါ။ချောင်းဆိုးလဲပျောက်မှာပါ။သ္မီးငယ်လဲဖြစ်တာမှို.ဒုတိယအကြိမ်ချက်တော့ ကျွေး
လိုက်တာတော်တော်ကောင်းသွားပါတယ်။နှစ်ယောက်လုံးအချိုတွေအရမ်းစားမှဘဲ
တစ်ခါတစ်လေဖြစ်တော့တယ်။ခုတော့တစ်လ တစ်ခါလောက်ချက်စားဖြစ်ပါတယ်။
ပင်နီစူလာနဲ.ယိုးဒယားဈေးမှာဘဲဝယ်ဘူးတာ ဈေးထဲက ကုလားဆိုင်တွေမှာရမှန်းမသိဘူး။
နောက်မှသိတော့ဝယ်ကြည့်တာ ၂ဆတောင်ရတယ်။ကုလားဆိုင်က ၁ ဒေါ်လာဘိုးဆိုတော်တော်စားရပါတယ်။အစာလဲဆေး.ဆေးလဲအစာဆိုတာလို ကိုယ်စားတဲ့အစာထဲမှာကိုဆေးစွမ်းကောင်းတွေရှိနေပါတယ်။သိဖို.ဘဲလိုတာပါ။
လူတွေသိအောင် စာပေတွေကတဆင့်ရေးသားမျှဝေသူအားလုံးကိုလဲကျေးဇူးတင်ပါတယ်။
ကိုယ်တိုင်ပျောက်ကင်းသက်သာတာမှို. ကိုယ်လိုလူတွေများရှိခဲ့ရင်လဲသိရအောင်လို.ရယ်
နောက်စားကောင်းတဲ့ ဟင်းချက်နည်းလေးတစ်မျိုးရယ်ကြောင့်ကြိုးစားရေးလိုက်တာပါ။
စာရိုက်ရင် ပုခုံးကျည်းပေါင်းကနာလို.မရေးတာလဲကြာကြာလှပြီ။ဘလော့တွေတော့ဖတ်ဖြစ်
ပါတယ်။အားလုံး နှစ်သစ်မှာ ဘေးဘရာတွေဝေးကွာပြီး ကျန်းမာ ချမ်းသာကြပါစေလို. ဆုတောင်း
မေတ္တာပို.သလိုက်ပါတယ်။
စားရန်အသင့်

ခရမ်းကဆော့သီး

လှော်ပြီးပုံ

ချက်ရန်အသင့်