Saturday 23 July 2011

ဆားငံသီး ငါးပေါင်း

ပထမဦးစွာတောင်းပန်ပါရစေ။ဦးဆုံးတင်သောပိုစ့်ဖြစ်သောကြောင့် စာများအပ်ကြောင်း ထပ်နေလျှင် သော်၎င်း၊  အမှားများပါနေခဲ့သော်၎င်း ခွင့်လွှတ်ပါ။အင်္ဂလိပ်စာ ကို မကျွမ်းသလို မြန်မာစာ ကိုလည်း ကောင်းစွာမရိုက်တတ်ပါ။ ဟင်းချက်ဝါသနာပါသောကြောင့် ဟင်းချက်နည်းပါသော ဘလော့်များကိုအမြဲရှာဖွေဖတ်ရှုပါတယ်။

ဝါသနာအရချက်ဖြစ်ခဲ့တဲ့ဟင်းချက်နည်းလေးတွေကိုမျှဝေပါရစေ။cholestrol များနေတဲ့အတွက်ခုတလော အပေါင်းတွေ၊အပြုတ်တွေဘဲ အစားများနေပါတယ်။ ဆားငံသီးငါးပေါင်း နည်းလေးကိုပြောပြပါရစေ။ ငါးကိုအစိမ်း သို့မဟုတ် အကြော်ကိုအသုံးပြုနိုင်ပါတယ်။ ငါးအညှီနံ့ကြောက်တယ်ဆိုရင်တော့ ငါးကိုမကျက်တကျက်ကြော်ပါ။ ကြိုက်တဲ့ငါးကိုသုံးနိုင်ပါတယ်။အန်တီ ကတော့ salmon နဲ. seabass(ကက္ကတစ်) ကိုသုံးပါတယ်။

အသီးအရွက်ကိုတော့ကိုယ့်အကြိုက်ကိုယ်သုံးပါ။ဒီမှာတော့ ကြွက်နားရွက်မှို၊ကျောက်ပွင်.၊ မုန်လာဥနီ၊ဘရိုကိုလီတို.ကိုအသုံးပြုထားပါတယ်။ပထမဦးစွာငါးကိုသန်.စင်အောင်ဆေးကြောပြီးဆားအနဲငယ်၊ပဲငံပြာရည်အကြည်၊ခရုဆီအနည်းငယ်ဖြင်.ဆုပ်နယ်ပြီးရေခဲသေတ္တာထဲတွင် ၃-၄ နာရီနှပ်ထားပါ။ကက္ကတစ်ကိုသုံးမယ်ဆိုရင်တော့အတုံးကြီးကြီးတုံးပြီး၊အတုံးအပေါ်မှာဓါးရာလေး နှစ်ချက်လောက်ပေးပါ။(မကြေအောင်နဲ.အရသာဝင်အောင်ပါ)။ ပေါင်းတဲ.အခါမှာလည်း ပေါင်းအိုး(သို.)ဒယ်အိုးထဲရေခံပေါင်းပေါင်း(သို.)မိုက်ကရိုဝေ.သုံးသုံး ကြိုက်ရာသုံးနိုင်ပါတယ်။အန်တီကတော့ထမင်းစားချိန်နီးနေတာနဲ.မိုက်ကရိုဝေ.ကိုဘဲအလွယ်တကူအသုံးပြုလိုက်ပါတယ်။ 

Corningအိုးထဲကိုငါးထဲ့ပါ။အနံ့မွှေးအောင်ဂျင်းပါးပါးလွှာအချောင်းအနဲငယ်နှင့်ကြက်သွန်ဖြူ၃၊၄မွှာကိုထုပြီးငါးအတွင်းသားနှင့်အရာပေးထားတဲ့နေရာလေးတွေမှာထဲ့ပါ။ဆားငံသီးကိုတော့၂-၃လုံးသုံးရင်လုံလောက်ပါတယ်။အချဉ်ကြိုက်ရင်တော့ဆားငံသီးပိုထဲ့ပါ။ဆားငံသီးကိုချေထဲ့ပါ။ ပိုပြီးအချဉ်၊အငံကြိုက်ရင်တော့ အရည်လေးတစ်ဇွန်းပါထဲ့လိုက်ပါ။ဟင်းသီးဟင်းရွက်များကို အရသာရှိစေရန်ဆား၊ပဲငံပြာရည်အကြည်၊ခရုဆီအနဲငယ်စီထဲ့၍နယ်ပြီးငါးအပေါ်နှင့်ဘေးတို့ တွင်ထဲ့ပါ။ နောက်ဆုံးအနေနဲ.ရေအနဲငယ်နှင့်ဆီမွှေး၂၊၃စက်ထဲ့လိုက်ပါ။ပြီးလျှင်မိုက်ကရိုဝေ့ထဲထဲ့၍၂၊၃မိနစ်ဟင်းရွက်အနူးကြိုက်မကြိုက်ပေါ်မူတည်၍ပေါင်းပါ။မကြာခင်မှာဘဲစားလို.ကောင်း ပြီး၊ကျန်းမာရေးနဲ.ညီညွတ်တဲ့ဆားငံသီးငါးပေါင်းလေးတခွက်ရရှိမှာဖြစ်ပါတယ်။ ဟင်းအပေါ်တွင် ကြက်သွန်မိတ်လေး ဖြူး၍ ပူပူနွေးနွေး သုံးဆောင်နိုင်ပါပြီ။

ကြွက်နားရွက်မှိုကလည်းသွေးတွင်းအဆီဓါတ်ကိုလျှော့နဲစေတယ်လို.ကြားဘူးပါတယ်။ဆားငံသီးနေရာမှာလဲအချိုကြိုက်ပါကသကြားအနဲငယ်နှင့်ခရုဆီပိုထည့်ပေးခြင်းဖြင့်၎င်း၊အငံကြိုက်ပါက ပဲငပိကို သုံးခြင်းဖြင့်၎င်း မိမိကြိုက်နှစ်သက်သလို အစားထိုး သုံးစွဲနိုင်ကြပါတယ်ရှင်။

 မိုက်ကရိုဝေ့ထဲ မထဲ့မှီ

ဆားငံသီး

ဆားငံသီး ငါးပေါင်း

9 comments:

  1. လွယ်ကူမြန်ဆန်ဟင်းချက်နည်းလေးကို မှတ်သားသွားပါတယ် အန်တီရေ

    ReplyDelete
  2. ကျေးဇူးပါသ္မီးမေမိုးရေ၊နောက်လဲ အန်တီတတ်သမျှ၊မှတ်သမျှလေးတွေမျှဝေပါ့မယ်။ဆက်ပြီးအားပေးပါအုံးနော်။

    ReplyDelete
  3. လာလည်လို့ ကျေးဇူးတင်ပါတယ် အန်တီ
    ဟင်းနည်း အသစ်တွေ သိရတော့မှာမို့း)
    လင့်ခ်ထားမယ်နော် အန်တီ

    ReplyDelete
  4. သ္မီး baby ရေအန်တီငယ်နံမည်ကလည်း baby ပါ။သ္မီးပိုစ့်တင်တိုင်းဖတ်ဖြစ်ပါတယ်။စာမရိုက်တတ်လို.commentမပေးဖြစ်တာပါ။ခုတော့သားရဲ့သင်ကြားတိုက်တွန်းမှုကြောင့်ဒီဘလော့်လေးဖြစ်လာတာပါ။
    လာလည်တာကျေးဇူးတင်ပါတယ်။

    ReplyDelete
  5. လာလည်သွားပါတယ်။အံတီဦးရေ။ဟင်းချက်နည်းအသစ်တွေအများကြီးရတော့
    မယ်ဆိုပြီးပျော်နေပါတယ်။ :)။

    ReplyDelete
  6. လာအားပေးပါတယ်။ လင့်လေးလည်းယူသွားမယ်နော်။ အသစ်တင်ရင်သိရအောင်လို့ ။

    ReplyDelete
  7. စားကောင်းမဲ့ နည်းလေးမှတ်သားသွားပါတယ်
    ကျေးဇူးပါ

    ReplyDelete
  8. Thanks for the recipe.

    ReplyDelete
  9. Thanks for this post aunty

    ReplyDelete