လိုအပ်သောပစ္စည်းမျာ
- ဆန်မှုန်.စိမ်း 210gm
- ရွှေဖရုံသီး 250gm
- ပုဇွန်ခြောက် 20 gm
- ရေ 650gm
- ကြက်သွန်နီကြော်အနည်းငယ်
- ငရုတ်ကောင်းမှုန်.အနည်းငယ်
- ဆီ
မုန့်မပေါင်းမှီ |
မုန့်ပေါင်းပြီး |
ရေကိုသမအောင်မွှေပြီးရွှေဖရုံသီးနှင့်ရောပါ။နောက်ပုဇွန်ခြောက်အကောင်သေး(သို.)အမှုန်.၊ငရုတ်ကောင်း
တို.နှင့်ရောမွှေပါ။ပေါင်းမည့်အိုးအတွင်းအောက်ခြေနှင့်ဘေးမျက်နှာပြင်တို.ကိုဆီအနည်းငယ်သုတ်ပြီး
မုန်.ရည်ကိုထဲ့ပါ။အနံ.မွှေးစေရန်မုန်.ရေပေါ်တွင်ကြက်သွန်နီကြော်လေးများနှံအောင်ဖြူးပေးပါ။
တရုတ်မဆလာအနံ.ကြိုက်သူများမုန်.ရည်ထဲသို.အနည်းငယ်ထဲ့နှိုင်ပါတယ်။(တရုတ်မဆလာနှင်.
five spice powderအတူတူပါဘဲ)ကြိုက်သလိုပေါင်းနှိုင်ပါတယ်။အန်တီကတော့မိုက်ကရိုဝေ့လ်ဘဲသုံးလိုက်
ပါတယ်။(၁၀)မိနစ်လောက်အကြာမှာတော့စားချင်စဖွယ်ရွှေဖရုံသီမုန်.လေးရပါပြီကွယ်။မုန်.ကျက်မကျက်
ကိုတော့ကိတ်မုန်.ဖုတ်သလိုပါဘဲ၊တူလေးနဲ.ထိုးကြည့်လို.မုန်.သားကပ်ပါမလာရင်ကျက်ပါပြီ။မုန်.ကို
အစိမ်းစားစား၊ကြော်ပြီးစားစားကြိုက်နှစ်သက်သလိုသုံးဆောင်နှိုင်ပါတယ်။ မုန့်အတွက် ယိုးဒယားဆန်မှုန်.စိမ်းကိုသုံးထားပါတယ်။မြန်မာ(မွှေး)ဆန်မှုန်.စိမ်းလဲကောင်းပါတယ်။
အော်ကွေ့ကျီ |
အော်ကွေ့ကျီ အစိမ်း |
အော်ကွေ့ကျီ အကြော် |
တို.စားဖို.အချဉ်ကိုတော့အလွယ်လုပ်လိုက်ပါတယ်။Chili sauce ထဲကိုမကျည်းနှစ်ရည်လေးနည်းနည်း၊
ထန်းလျှက်ရည်လေးနည်းနည်းရောထဲ့မွှေပေးခြင်းဖြင့်လွယ်ကူပြီးစားလို.ကောင်းတဲ့အချဉ်လေးတစ်ခွက်
ရလာမှာပါ။
ရွှေဖရုံသီအစား ပိန်းဥ၊မုန်လာဥတို.နဲ.လဲမိမိကြိုက်နှစ်သက်သလိုအစားထိုးပြုလုပ်နှိုင်ပါတယ်ကွယ်။ဒီမှာ
ရောင်းနေတဲ့ carrot cake ဆိုတဲ့မုန်.ကလဲ မုန်လာဥနီလေး ပါလေရုံနဲ. လုပ်ထားတဲ့ရွှေဖရုံသီးအစားထိုး
မုန်.တမျိုးပါဘဲ။ကိုယ်တိုင်လုပ်တော့အစာနိုင်နိုင်သုံးပြီးများများစားရတာပေါ့။breakfast ဘဲစားစား၊အဆာ
ပြေဘဲစားစား စားလို.ကောင်းတဲ့မုန်.လေးတမျိုးဖြစ်ပါတယ်ကွယ်။အပေါ်ကအချိုးအစားကတော့အန်တီ
လုပ်တဲ့အချိုးအစားပါ။မိမိစိတ်ကြိုက်ပြုပြင်နိုင်ပါတယ်။
အားလုံးထမင်းမိန်ကြပါစေကွယ်။
အန်တီဦးရေ ....
ReplyDeleteမုန့်လုပ်နည်း လာမှတ်သားသွားပါတယ်
အယ် ဒီတခါမန့်လို့ ရတယ်တော့း)
ReplyDeleteအရင်နေ့တွေက ကော်မဲန့်ပေးလို့မရဘူး
အော်ကွေ့ကျီကို ဒီလောက် လွယ်လွယ်လုပ်လို့ရမှန်း မသိခဲ့ဘူး။ တစ်ရက် စမ်းလုပ်ကြည့်ကြည့်ပါဦးမယ်။ မုန့်လုပ်နည်းလေးအတွက် ကျေးဇူးပါ အန်တီ။
ReplyDeleteအန်တီဦးရဲ့ ရွှေဖရုံသီးမုန့် လုပ်နည်းလေး အတွက် ကျေးဇူးတင်ပါတယ်ရှင်။ စားကောင်းမယ့်ပုံလေး။
ReplyDeletesnow ရေလုပ်လို.လွယ်ပြီး စားလို.ကောင်းတဲ့မုန်.လေးပါ။အချိန်လဲ
ReplyDeleteသိတ်မပေးရပါဘူး။ကျေးဇူးတင်ပါတယ်။
baby နဲ.rose ရေ commentလေးတွေအတွက်ကျေးဇူးတင်ပါတယ်။
နောက်ပိုစ့်တွေအတွက်အင်အားလေးတွေပါ။
မုံလုပ်နည်းလေးသိရတာကျေးဇူးပါ..
ReplyDelete