Monday 30 January 2012

ရေခူသုတ်(jelly fish)

မြန်မာပြည်ပြန်တုံး စီးတီးမတ်သွားတော့ ရေခူထုတ်လေးတွေ.တာနဲ.ဝယ်လာပါတယ်။ရေခူတွေမှာ
အဆိပ်ရှိတယ်ဆိုပေမဲ့ ရေခူတိုင်းမဟုတ်ပါဘူး။ပြုပြင်စီမံထားတဲ့ ဈေးကွက်ဝင်ရေခူတွေက စားလို.
ရပါတယ်။ဝယ်လာတာကောင်းမကောင်းမသေချာတာကြောင့် တစ်ထုတ်ဘဲဝယ်လာမိတယ်။
ဒီရောက်တော့ သုတ်စားကြည့်တော့တော်တော်ကောင်းတယ်။သိတ်မငံဘူး။အရသာလဲရှိတယ်။

ရေနွေးလေးစိမ်ရုံနဲ.တင် အငံလျော့သွားတယ်။ရေနွေးစိမ်လိုက်တော့ ပြားပြားလေးကနေ
အဖုဖုလေးတွေ ထလာပါတယ်။ဒီမှာလဲ ဈေးထဲက ကုန်ခြောက်ဆိုင်တွေမှာရတတ်ပါတယ်။
ဒါနဲ.စမ်းဝယ်စားကြည့်တော့ မြန်မာပြည်ကဟာလောက် မကောင်းတဲ့အပြင်ဆားတအားငံ
ပါတယ်။သူ.ထဲက ဆားအငံတွေထွက်သွားအောင် သူ.ထက်ပိုငံတဲ့ ဆားရည်ထဲကိုထဲ့
စိမ်ရပါတယ်။ဒါမှလဲ ရေခူထဲက အငံဓါတ်တွေဟာသူ.ထက်ပိုငံတဲ့ ဆားရည်ထဲ စိမ့်ဝင်သွားပြီး
အငံပေါ့သွားတယ်လေ။အငံပေါ့သွားပြီဆိုတော့ သုတ်ဖို.ပြင်မယ်နော်။
ရေခူကိုပါးပါးအရွယ်တော်လေးတွေလှီး၊ကြက်သွန်နီကိုလည်းပါးပါးလှီးပြီးရေစင်အောင်ဆေး၊
ငရုတ်သီးစိမ်းနဲနဲပါလှီးထားပါ။မပါမဖြစ်ကတော့ ရှောက်ရွက်ပါ။မရှိခဲ့ရင်လဲ ယိုးဒယားတွေသုံးတဲ့
တောရှောက်ခါးရွက်ဖြစ်ဖြစ် ပါးပါး လှီးထဲ့ပါ။လုံးဝမရှိခဲ့ရင်တော့ နံနံပင်အစားထိုးသုံးပါ။ရှောက်ရွက်နံ.
လေးကအသုတ်ရဲ.အနံ.နဲ.အရသာကိုပြောင်းလဲသွားစေပါတယ်။ဟင်းခတ်မှုန်.(သို.)အချိုမှုန်.၊
ကြက်သွန်ဖြူဆီချက်လေးထဲ့၊ သံပုရာရည်လေးညှစ်ပြီးသုတ်ပါ။ငံပြာရည် ကတော.လိုအပ်မှထည့်ပါ
နော်။စီးထွေးထွေးလေးကြိုက်ရင်တော့ပဲမှုန်.ထဲ့သုတ်ပါ။ဒေါ်ဦးကတော့ fish cake လေးနဲနဲ လှီးထဲ့လိုက်ပါသေးတယ်။ငါးဖယ်လေး၊ကြက်သားပြုတ်လေးထဲ့သုတ်လဲကောင်းမှာပါ။
သုတ်စားကြည့်ပါ။တကယ် ထမင်းမိန်တဲ့ အသုတ်လေးတစ်ခွက်ပါ။
မြန်မာပြည်ကရေခူကအရောင်ညိုပြီး စင်္ကံပူကရေခူကဖြူတယ်။လုပ်နည်းနဲနဲကွာတယ်နဲ.တူတယ်။
ခု သုတ်ထားတာကမြန်မာပြည်ကရေခူပါ။မေ့ပြီးရေနွေးမဖြောခင်ကပုံကိုတော့မရိုက်ဖြစ်လိုက်ဘူး။
ကြာဇံဟင်းခါး(သို.)ဘူးသီးဟင်းခါးလို တစ်မျိုးမျိုးနဲ.လိုက်ဖက်လှပါတယ်။

ရေနွေးစိမ်ပြီးပုံ

စားရန်အသင့်
များများစားသွားနော်































11 comments:

  1. ရေခူသုတ်ကိုတီတင့်ကြိုက်တယ်။ ရေခူထဲကအငံဓာတ်လျှော့နည်းလေး
    သိသွားပြီး ကျေးဇူးပါ အန်တီဦးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. It seems tasty and my other half would love to eat this particular salad!!!

    ReplyDelete
  3. သုတ်ထားတာမွှေးပြီးစားချင်စရာဖြစ်နေမှာနော်။
    အိုင်အိုရာ

    ReplyDelete
  4. အန်တီဦး ပျောက်နေတာကြာပီနော်
    သတိရမိပါ၏
    ရေခူတော့ မစားဖူးသေးဖူး
    စားရမှာ နည်းနည်း ကြောက်နေသလိုပဲ :D

    ReplyDelete
  5. အန်တီ..
    နေကောင်းရဲ့ လား။
    ရေခူသုတ်ကြိုက်တယ်။
    ထိုင်းတွေလည်းသုတ်စားတယ်။

    ReplyDelete
  6. ရေခူလာမြည်းသွားတယ်ဗျို့

    ReplyDelete
  7. တီတင့် လာလည်တာကျေးဇူးဘဲနော်။တီတင့်ရဲ.ဓါတ်ပုံထဲကစင်္ကံပူကသူငယ်ချင်းတစ်ချို.နဲ.
    ခင်တယ်။နောက်ခါလာရင်တွေ.ရအောင်။
    မွန်၊အိုင်အိုရာနဲ.မြတ်ကြည် အန်တီကို သတိတရနဲ.လာဖတ်သွားတာကျေးဇူးပါ။
    ကျူတီရေ ကိုရီးယားတွေလဲစားမယ်ထင်တာဘဲ။သုတ်ပုံတော့တူမှာမှုတ်ဘူး။သူတို.သုတ်ရင်
    ဆီပါမှာမှုတ်ဘူးနော်။မကြောက်ပါနဲ. စားလို.သိတ်ကောင်းတယ်။ကြိုက်သွားလိမ့်မယ်။
    မီးမီး အန်တီနေကောင်းတယ်ဆိုပေမဲ့အကောင်းကြီးတော့မှုတ်ဘူး။နေသာတယ်ဘဲပြောပါတော့။
    သတိရတာကျေးဇူးပါ။

    ReplyDelete
  8. ရေခူသုပ်ကြိုက်တယ်... အလာဂျီကြောင့် မစားရတာကြာပြီး((

    ReplyDelete
  9. ရေခူသုပ်ကိုကြိုက်တယ်
    ထုတ်ထုတ် ထုတ်ထုတ်နဲ့ ဝါးရတာကို သဘောကျတယ်.
    ကျောက်ပွင့်လိုလို ဘာလိုလိုနဲ့နော်..
    ချဉ်စပ်လေးဆိုတော့ သိပ်ကောင်းမှာဘဲ
    မစားရတာ တအားကြာပြီ
    စားချင်လိုက်တာ

    ReplyDelete
  10. ရေခူသုပ်မစားရတာကြာပြီ။။။။။

    ReplyDelete
  11. နန်းဝါ၀ါမောင် said-

    မင်္ဂလာပါ အန်တီဦးရှင်-
    မေးလ်ပြန်ရှာရခက်နေလို့ ဘလော့ဂ်အလည်လာရင်း သတင်းပို့သွားပါတယ်ရှင်။
    အန်တီဦးရေ-
    ဆရာတော်ဆွမ်းကပ်ဖို့ကို အိမ်မှာဆွမ်းကပ်ဖို့ အစီအစဉ်မဟုတ်တော့ပဲ အားလုံး ဆရာတော်ကို ဖူးနိုင်ကြရစေအောင် Arena မှာGuest house ငှားပီးစီစဉ်ထားတယ်လို့ သိရပါတယ်ရှင်။
    အန်တီဦး ဆွမ်းဟင်းချက်ပြီး သွားကပ်လို့ရကြောင်း သတင်းလာပို့တာပါရှင်။
    သတင်းအသေးစိတ်ကို ဒေါ်နီလာအောင်-ဖုန်း-၉၆၉၉၄၇၉၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
    သွားရည်တွေကျပြီး ပြန်သွားပြီ အန်တီဦးရေ- :)

    လေးစားချစ်ခင်စွာ-

    ၀ါ

    ReplyDelete