Wednesday 28 September 2011

ရေမျှစ်

ရေမျှစ်လေးကြော်စားကြည့်ရအောင်နော်။ချိုပြီးစားလို.သိတ်ကောင်းတယ်။မြန်မာပြည်မှာ
ရေပြောင်းဖူးလို.လဲတချို.ကခေါ်ပြီး ရှမ်းပြည်နယ်အင်းလေးဖက်မှာစိုက်တယ်လို.ပြောကြတယ်။
water bamboo ကိုတိုက်ရိုက်ဘာသာပြန်ပြီး ရေမျှစ်လို.ခေါ်တာလားမသိဘူးနော်။ရန်ကုန်မှာ
တော့သံဈေးနဲ.လှည်းတန်းဈေးတွေမှာဘဲရနိုင်ပါတယ်။ခုတော့မသိတော့ပါဘူး။
စင်္ကာပူမှာအစကshengsiong မှာဘဲတွေ.ရပေမဲ့ခုနေရာတော်တော်များများမှာတွေ.နေရပြီ။ntuc
မှာပါတစ်ခါတလေတွေ.ရပါတယ်။ရေမျှစ်ရဲ.အခွံစိမ်းလေးတွေကိုခွာပစ်ရပါမယ်။ဖြူဖြူအသား
လေးတွေရတဲ.ထိပါ။၂ -၃ ခုလောက်ခွာလိုက်ရင်ရပါပြီ။
ပြီးရင်ပါးပါးလှီး သေးသေးအချောင်းလေးတွေပြန်လှီးပြီး မျှစ်ကြော်သလိုလေးကြော်စားနိုင်ပါတယ်။
ဒါမှမဟုတ် ပါးပါးအပြားလေးအတိုင်းဘဲ ကြော်စားလဲကောင်းတာပါဘဲ။သူ.အရသာကိုကနုပြီးချိုတယ်။
သတ်သတ်လွတ်ကြော်နိုင်သလိုကြိုက်ရာ အသား၊ပုဇွန်တို.နဲ.လဲကြော်နိုင်ပါတယ်။ဂျစ်လေးနဲ.ခြစ်ပြီး
ယိုးဒယားသင်္ဘောသီးသုတ်သလို သုတ်စားလဲကေင်းတယ်လို.ပြောကြတယ်။ကိုယ်တိုင်တော့မစမ်းဘူး
သေးဘူး။သူ.သဘာဝကိုက ရင့်လာရင်အတွင်းမှာအမဲစက်လေးတွေဖြစ်လာတယ်။
ငယ်ငယ်ကတခါတလေအဲလိုအမဲစက်ပါတာလေးများတွေ.ရင် ရွေးစားတယ်။ထူးခြားနေတော့
ပိုကောင်းမယ်ထင်တာကိုး ကြီးလာမှ ရင်.လို.ဖြစ်မှန်းသိရတယ်။မဟုတ်ခဲ့ရင်လဲရှင်းပြပေးပါနော်။
ရေမျှစ်က နုပေမဲ့ကြော်တဲ့အခါ တခြားအရွက်တွေလို(ဥပမာ ဟင်းနုနွယ်)သိတ်လျော့မသွားဘူး။
စားလို.သိတ်ကောင်းလို.တစ်ခါလောက်ကြော်စားကြည့်ပါနော်။
ရေမျှစ်

အခွံစိမ်းလေးနဲ.
အသားလေးကဖြုဖြူလေး
ကြက်သားလေးနဲ.တမျိုး
ပုဇွန်လေးနဲ.ကြော်ထားတာ

8 comments:

  1. အိမ်ကတော့ ရေပြောင်းလို့ခေါ်တယ်အန်တီ
    ပဲကြာဆံနဲ့ သုပ်စားသလို ကြော်လည်း စားပါတယ် :D

    Mandy

    ReplyDelete
  2. ဟုတ်တယ် ရန်ကုန်မှာတော့ ရေပြောင်းခေါ်တယ်... ကြက်ရင်အုံသားလေးနဲ့ ဥနီနဲ့ရောကြော်လည်းစားကောင်းတယ်...။

    ReplyDelete
  3. I have never tasted that water bamboo before, Aunty. Looks delicious in both dishes!!!
    Mon Petit Avatar

    ReplyDelete
  4. ဟုတ်တယ် ကျွန်မတို့က ရေပြောင်းဖူးလို့ခေါ်တယ် ဒီမှာအဲဒါလေးတွေ ပေါတော့ မကြာခဏတော့ စားဖြစ်တယ်။ သုပ်စားတာလည်းသိပ်ကောင်းတယ်။ သူ့အရသာလေးကို ကြိုက်တယ်

    ReplyDelete
  5. ရေပြောင်းဖူးကြော်စားချင်တယ်။ မျှစ်နုနုလေးဆိုရင်သိတ်ကြိုက်တယ် အန်တီဦးရေ။ ပြုတ်လည်းကြိုက်(တို့စရာအဖြစ်) ကြော်လည်းကြိုက်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. တစ်ခါမှ မြင်လဲမမြင်ဖူးသလို စားလဲ မစားဖူးဘူးအန်တီရေ။ ရေပြောင်းဖူးတော့ကြားဖူးတယ်။ အခုမှဘဲသိတော့တယ်။ စူပါမားကတ်တွေမှာ ရှာကြည့်အုံးမှပဲ။ ဈေးမှာတော့ မတွေ့ဖူးဘူး။

    ReplyDelete
  7. အဲလိုမျိုးလေး တခါမှမစားဖူးဘူး... လုပ်စားကြည့်ဦးမှ

    ReplyDelete
  8. အောက်ပြည်မှာ စပါးဖုံး လို့ ခေါ်တယ်ထင်တယ်။ စင်ကာပူမှာ အမေ ကြော်ကျွေးတယ်။ နူးညံပြီး စားလို့ကောင်းတယ်။

    ReplyDelete