Thursday 26 April 2012

ဖလံတောင်ဝှေးကြော်(ရာသီစာ)

ဖလံတောင်ဝှေးဆိုတာပေါ်တုံးစားရတဲ့ရာသီစာလေးပါ။ငယ်ငယ်တုံးကဖလံတောင်ဝှေးပေါ်ချိန်ဆို
တစ်အိမ်လုံးကြိုက်လို.မေမေက တပါတ်မှာသုံးရက်လောက်ကြော်ကျွေးတယ်။ဒါလဲမငြင်းတမ်း
အားပေးကြတာပါဘဲ။ခုတော့အရသာတောင်ခပ်မေ့မေ့ ဖြစ်နေပါပြီ။ဟိုတလောက ပင်နီစူလာသွား
တော့ ဆိုင်တစ်ဆိုင်မှာအစည်းလိုက်တွေတွေ.တော့ဝမ်းသာအားရဝယ်ခဲ့လိုက်တယ်လေ။အရင်နှစ်
တွေကတော့ရှိမရှိမသိဘူး၊ဒီနှစ်မှတိုက်တိုက်ဆိုင်ဆိုင်တွေ.တာ ဝယ်လွန်းလို.ဆိုင်ကတောင်မှတ်မိ
နေတယ်။ဒေါ်ဦးတို.ငယ်ငယ်ကဖလံတောင်ဝှေးဝယ်ရင်လိုတာထက်ပိုဝယ်ရတယ်။ဘာလို.လဲဆိုတော.
အောက်ပိုင်းအရင့်တွေဖယ်ပစ်ရတော့ဘာမှ မကျန်တော့လို.လေ။ဓါတ်မြေသြဇာတွေဘဲကောင်းလာ
လို.လားမသိဘူး အရင်လိုပိန်ပိန်လေးတွေမဟုတ်တော့ဘူး၊ဝတုတ်ကြီးတွေနဲ.တချောင်းလုံးနုမှနု။
မြန်မာပြည်မှာတော့အခွံခွာရောင်းတယ်။ဒီမှာကတော့မခွာထားဘူး။အထားမခံမှာစိုးလို.နဲ.တူတယ်။
ကြော်ကြမယ်နော်။အရင်ဆုံးအခွံခွါ ထိပ်ပိုင်းတွေဖြတ် ပြီးတစ်ချောင်းချင်းထုပါတယ်။ကြေသွားအောင်
တော့မထုနဲ.နော်။ထုပြီးသားတွေကို ဆားရေ(သို.)ဆနွင်းနဲနဲထည့်ထားတဲ့ရေထဲထဲ့စိမ်ထားပါ။သံဓါတ်
များလို.လားမသိဘူး ထုရင်းနဲ.ကို ညိုလိုက်လာလို.ပါ။
အိုးထဲဆီထဲ့ ကြက်သွန်နီလေးဆီသတ် ရေထဲကဖလံတောင်ဝှေးလေးတွေဆယ်ထဲ့ ပုဇွန်ခြောက်မှုန်.
နည်းနည်းထဲ့ အပေါ့အငံလေးမြည်းပြီးစားလို.ရပါပြီ။ငံပြာရည်ထဲ့ရင်မဲသွားတတ်လို.ဆားနဲ.ဘဲကြော်
ပါတယ်။အချိမှုန်.လေးထည့်ပြီးသတ်သတ်လွတ်လဲကြော်စားလို.ရပါတယ်။ချိုချိုလေးနဲ.စားလို.ကောင်း
တဲ့ရာသီစာဟင်းလေးတစ်ခွက်ပါ။အရင်တုံးကတော့အလေ့ကျပေါက်တာတွေကိုချိုးယူတာ၊ခုတော့
ပေါက်စရာမြေနေရာလဲမရှိတော့လို.ဓါတ်မြေသြဇာတွေနဲ.စိုက်တယ်လို.ထင်တယ်။ကိုယ်ဘဲအသက်
ကြီးလာလို.လားတော့မသိဘူးဟိုးအရင်တုံးကလောက်စားမကောင်းတာတော့ အမှန်ဘဲ။
အခွံမခွာခင်

အခွံခွာပြီး

ကြော်ပြီးပါပြီ

3 comments:

  1. ကျမကြိုက်တယ်အန်တီ။
    အရသာသက်သက်လေးနော်..။
    တခါလေ ပုဇွန်အစိုနဲ့ ကြော်စားတတ်တယ်။

    ReplyDelete
  2. အကြိုက်ချင်းတူနပြီလုစားရတော့မယ်နော်။
    ပုစွန်အစိုနဲ.ကြော်ရင်ပိုစားကောင်းပါတယ်။

    ReplyDelete
  3. အခုနောက်ပိုင်းတော့ ဖလံတောင်ဝှေးတွေက အနုလေးတွေ ရတယ်နော်... ငယ်ငယ်တုန်းက အနုနည်းပြီး အရင့်များတော့ နုတာဘဲရွေးစားခဲ့တာ

    ReplyDelete