Monday 10 October 2011

ဂဏန်းကော်ပြန်.စိမ်း၊ကော်ပြန်.ကြော်

အားလုံးမင်္ဂလာပါနော်။ပုခုံးနဲ.ဇက်ကျည်းပေါင်းတက်ပြီးနာနေတာစာမရိုက်ရင်သက်သာတာနဲ.ဘာမှ
မလုပ်ဘဲနေတာတော်တော်ကြာသွားတယ်။သက်သာလာတာနဲ.ချက်စားတာလေးတွေတင်လိုက်ပါ
တယ်နော်။
ဘလော့တွေပေါ်မှာကော်ပြန်.လုပ်စားတာတွေမြင်တိုင်းစားချင်ခဲ့တယ်။ဒါနဲ.ကော်ပြန်.ဖတ်လေးဝယ်
လိုက်ပါတယ်။၁၀၀ ဂရမ် ကို ၁ ဒေါ်လာခွဲနဲ.၃၀၀ ဂရမ်ဝယ်လိုက်ပါတယ်။ဈေးထဲက ပဲပင်ပေါက်
ရောင်းတဲ.ဆိုင်တွေမှာရောင်းပါတယ်။မတွေ.ရင် ပိုပြန်.ဆိုပြီးမေးကြည့်ရင်ရပါတယ်။၃၀၀ ဂရမ်ကို
စိတ်ထင်အရွက် ၃၀ ကျော်ရမယ်ထင်တယ်။ခွဲခွဲစားတော့သေချာမမှတ်မိဘူး။ဂျွတ်ဂျွတ်အိတ်လေး
နဲ.ထုတ်ပြီးအောက်ခန်းထဲမှာထားရင် ၂-၃ ပတ်ခံပါတယ်။စားချင်သလောက်လေးကြိုထုတ်ထား
ရင်ပျော့သွားပါတယ်။အစာပူပူလေးနဲ.လိပ်ရင်အတော်ပါဘဲ။ပျော့သွားအောင်မိုက်ကရိုဝေ့
ထဲတော့မထဲ့ပါနဲ. ခဏဘဲပျော့ပြီးပြန်မာသွားလို.ပါ။

ဂေါ်ဖီလေးကိုပါးပါးလှီး၊မုန်လာဥနီလေးကိုဂျစ်နဲ.ခြစ်ပါတယ်။ပဲပြားကိုပါးပါးလေးတွလှီးထဲ့ပါတယ်။
ခြေထဲ့လဲရပါတယ်။မျှစ်လေးကိုပါးပါးလှီးထဲ့ပါ။မပါလဲရပါတယ်။မျှစ်လေးပါတော့မွှေးလို.ပါ။ဗိုလ်စားပဲ
လေးတွေကိုလဲရိတ်ရိတ်လေးတွေလှီးထဲ့ပါ။ဓါတ်ပုံရိုက်ပြီးမှပဲပင်ပေါက်လေးတွေ.တာနဲ.ထပ်
ထဲ့လိုက်ပါတယ်။များသောအားဖြင့်မြန်မာကော်ပြန်.စိမ်းတွေမှာပဲပင်ပေါက်မထဲ့ကြပါဘူး။အားလုံး
ပြီးရင်တော့အိုးတလုံးထဲထဲ့ပြီးဆီပါလေရုံလေးနဲ.နူးအောင်ကြာ်ပါမယ်။မကြော်ခင်အစာတွေထဲကို
သကြားနဲ.ဆားထဲ့ပါမယ်။အရသာကိုတော့ကိုယ့်စိတ်ကြိုက်လုပ်ပါ။တချို.ကပဲငံပြာရည်ထဲ့ပါတယ်။
ဒေါ်ဦးကတော့အရည်ပိုထွက်လို.မထဲ့ပါဘူး။ပဲသီးကိုလဲအစာတွေနူးခါနီးမှထဲ့ပါနော်။နို.မှို.ဝါသွားပြီး
အစိမ်းရောင်လုံးဝပျောက်သွားမှာစိုးလို.ပါ။ပဲသီးထဲ့တဲ့အချိန်မှာဘဲ ဂဏန်းသားလေးတွေကိုရေညှစ်ထဲ့လိုက်ပါ။ဂဏန်းသားတွေကိုတော့ဆိုင်တွေမှာအထုတ်လေး
တွေနဲ.ရောင်းပါတယ်။အကောင်ကိုထွင်ဘို.ကတော့အရှင်မလုပ်ရဲတာရယ် အသေဆိုလဲမလတ်တာ
ရယ်နဲ. အထုတ်ဝယ်လိုက်တော့အေးရောဘဲ။အစာလေးတွေနူးရင်တော့အိုးကိုတဖက်စောင်း
ထားပြီးအရည်စစ်ပြီးမှအောက်က ဆလတ်ရွက်လေးခံပြီးလိပ်ပါ။လိပ်ပြီးရင်တော့ကတ်ကျေးလေးနဲ.
ညှပ်အပေါ်ကကြက်သွန်မိတ်၊ဆလတ်ရွက်လှီးထားတာလေးနဲ.အချဉ်လေးဆမ်းစားရင်တော့
ဂွတ်ရှယ်ဘဲနော်။
အရန်သင့်
ဂဏန်းသား
လိပ်ရန်အသင့်
စလိပ်ပါပြီ
အလိပ်လေးတွေ
များများစားပါနော်
အစိမ်းတင်မကအကြော်ပါစားချင်ရင်တော့ ခုနအစာကြော်နေတုံး မနူးခင်နဲနဲခွဲထားပြီး၎င်းအစာကို
လိပ်ကြော်ပါ။ဆလတ်ရွက်မခင်းပါနဲ.။တချို.ကလဲအစာတွေကိုလုံးဝမကြော်ဘဲအစိမ်းအတိုင်း
ရောမွှေပြီးကြော်ကြတယ်။လုံးဝမကြော်ဘဲ အစိမ်းအတိုင်းကြော်ရင်ကော်ပြန်.ရွက်က ကျက်နေ
ပြီးအစာကသိတ်မနူးဘဲ တောက်ဆတ်ကြီးဖြစ်နေသလားလို.ပါ။ကိုယ့်အကြိုက် ကိုယ်လုပ်ပါနော်။
အချဉ်ကတော့အားလုံးဖျော်တတ်ပါတယ်။ကိုယ်ကြိုက်တဲ့ ငရုတ်ဆီထဲ မကျည်းရည်နဲနဲနဲ.ထန်းညက်လေးနဲနဲထဲ့ အပေါ့အငံမြည်း ဒါဆိုရင်ရပါပြီနော်။
ကော်ပြန်.ကြော်
ဒေါ်ဦးလုပ်တဲ့ငရုတ်ဆီလုပ်နည်းလေးကိုပြောပြပါ့မယ်။အချိန်ပေးနိုင်ရင်ပေါ့။ငရုတ်သီး ၅၊၆ တောင့်လောက်ကိုနဲနဲ နူးအောင်ရေနွေးလေးနဲ.စိမ်ပြီးညက်နေအောင်ထောင်းပါတယ်။
ကြက်သွန်ဖြူ ၃၊၄ ဥ နွှာပြီးညက်အောင်ထဲ့ထောင်းပါ။ဒီနေရာမှာ ကိုယ်စားမဲ့အပေါ်မူတည်ပြီး
ကွဲသွားပါတယ်။တစ်မျိုးကတော့သကြားထဲ့ညက်နေအောင်ထောင်းပြီးရှာလကာရည်၊ဆားတို.
နဲ.ဖျော်တာပါ။ဒီအချဉ်ကတော့ခေါက်ဆွဲသုတ်၊အသားကြော်တို.အော်ကေ့ဂျီတို.နဲ.လိုက်ဖက်
ပါတယ်။နောက်တစ်မျိုးကတော့ထန်းလျှက်ခဲလေးထဲ့ပြီး မကျည်းမှဲ. ငံပြာရည်တို..နဲ.ဖျော်
တာပါနော်။ဒီအချဉ်ကတော.အကြော်မျိုးစုံ(ဘူးသီး၊ကြော်၊ကြက်သွန်ကြော်စသဖြင့်)၊
ကော်ပြန်.တို.နဲ.လိုက်ဖက်ပါတယ်။အရသာအစပ်အဟပ်ကတော့ကိုယ့်စိတ်ကြိုက်လိုက်လို.ပေါ့။
ဒေါ်ဦးကတော့ရှာလကာရည်အချဉ်လုပ်ရင်များများလုပ်ပြီးပုလင်းနဲ.ထဲ့ရေခဲသေတ္တာ
အောက်ထပ်ထဲထဲ့ထားပါတယ်။ခဏခဏ မထောင်းနိုင်လို.ပါ။
အဲဒိလိုထားရင်ကြာကြာအထားခံပါတယ်။စားချင်မှဇွန်းသန်.သန်.လေးနဲ.ခပ်စားလိုက်
ရုံပါဘဲ။စားလို.လဲကောင်းပါတယ်။ပုလင်းချဉ်တွေကပုလင်းတိုင်းကိုယ့်ပါးစပ်နဲ.မတွေ.သလိုဘဲ။
လူတကိုယ်အကြိုက်တစ်မျိုးမှို.ကိုယ်ကြိုက်သလိုပြုပြင် ဖန်တီးပြီးစားနိုင်ပါတယ်။
အချိန်ပေးပြီးလာဖတ်သူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်နော်။

10 comments:

  1. အန်တီရေ... ကော်ပြန့်ကြော်လေး လာစားတယ်။ ၃ခုတောင် စားသွားပြီး))

    ReplyDelete
  2. ကော်ပြန့်လည်း ကြိုက်တာဘဲ
    ကော်ပြန့်စိမ်းထက် ကြော်တာကို ပိုကြိုက်တယ်
    မကြိုက်တာလည်း ဘာမှ မရှိသလောက်ပါဘဲလေ

    ReplyDelete
  3. ကော်ပြန့်စိမ်းလေးကောင်းတယ် အန်တီရေ။ အိမ်နားမှာ wet market မရှိတော့ အဲဒီအဖတ်ကို သတ်သတ်ဝယ်လို့မရဘူးဖြစ်နေတယ်။

    ReplyDelete
  4. ကော်ပြန့်အစိမ်းကော အကြော်ကော အရမ်းကြိုက်တယ်
    သွားရေကျသွားတယ် အန်တီ

    မိုး

    ReplyDelete
  5. rose ချော evy မိုး လာလည်တာကျေးဇူးတင်ပါတယ်နော်။အန်တီကကော်ပြန်.စိမ်းကိုပိုကြိုက်တယ်။evy ရေ လိပ်စာသာသိရရင်ကော်ပြန်.ဖတ်ဝယ်ပြီးလာပို.ပေးပါတယ်။
    တကယ်ပါ။

    ReplyDelete
  6. Thank you Aunty OO for sharing this delicious spring roll and sauce recipes. Wish you all the best of health too!
    Mon Petit Avatar

    ReplyDelete
  7. ရန်ကုန်မှာ သက်သတ်လွှတ်ကော်ပြန့် စိမ်းဆိုတာ၊
    သွားသွားစားလေ့ရှိတယ်။
    ဒေါ်ချွန်းဆိုလားဘဲ။
    အန်တီဦးရဲ့ ကော်ပြန့်အစိမ်းကော၊
    အကြော်ကော လာမြည်းသွားပြီနော်။

    ReplyDelete
  8. အန်တီဦးရေ။ ကော်ပြန့်စိမ်းလေး စားချင်လိုက်တာ။ ဆလတ်ရွက်များများလေးနဲ့ စားရတာကို ကြိုက်တယ်။

    ReplyDelete
  9. မင်္ဂလာပါ.... လာရောက်အားပေးသွားပါတယ် အန္တီဦး...

    ချမ်းမြေ့ပါစေ
    ချယ်ရီမြေ

    ReplyDelete
  10. Chee Cheong fun ရွက်ဆိုပြီးလည်းမေးဝယ်လို့ ရပါသည်.....ပိုစားကောင်းပါသည်...

    ReplyDelete