Friday 23 September 2011

ဂျင်း

ဂျင်း ဆိုလို.ဂျင်းဘောင်းဘီလို.တော့မထင်လိုက်ပါနဲ.နော်။ဟင်းထဲ ထဲ့ချက်တဲ့ ဂျင်းမှ ဂျင်း စစ်စစ်ပါ။
အမျိုးသားသူ.အလုပ်အတွက် ဂျင်းတွေဝယ်ရင်းပိုနေတာတွေပေးတာကိုဝမ်းသာစွာနဲ.ဘဲယူထားလိုက်
ပါတယ်။ဂျင်းက၂မျိုးကြီးများတောင်young ginger လို.ခေါ်တဲ့အပင်ရိုးတံငုတ်တိုလေးနဲ.ဟာရယ်
old gingerလို.ခေါ်တဲ့ဟင်းတွေထဲထဲ့တဲ့ ဂျင်းအိုကြီးရယ်။တကယ်တော့တစ်မျိုးထဲပါ။

တခြားနိုင်ငံတွေတော့မသိဘူး စင်္ကပူက ဂျင်းတွေက မြန်မာပြည်က ဂျင်းတွေလောက်မမွှေးဘူး။
တကယ်ပါ။သိမ်းထားလဲများနေတာနဲ.ပထမဆုံးဂျင်းစိမ်ဘို.ဆုံးဖြတ်လိုက်တယ်။သ္မီးကြီးကသိတ်ကြိုက်
လို.ခဏခဏလုပ်ပေးဖြစ်တယ်။ဆူရှီနဲ.စားတဲ့ ဂျင်းဖတ်လေးတွေပါ။မြန်မာပြည်မှာတော့ ဂျပန်ဂျင်းနု
ဆိုပြီးဟိုတုံးကကြော်ငြာရောင်းတာတွေ.ဘူးတယ်။အရင်ခါတွေလုပ်တုံးကတော့ဘယ်တော့မှအတိ
အကျမလုပ်ဘူး၊မှန်းဘဲလုပ်တယ်။ခုပိုစ့်တင်မှာမှို.အတိအကျလုပ်လိုက်ပါတယ်။
young ginger           150  gm
rice vinegar             1/3   cup 
sugar                      1/4   cup
salt                         1/4   tea spoon   တို.လိုအပ်ပါတယ်။
ပထမဆုံးဂျင်းတွေကို ရေဆေးပြီးအခွံနွှာ၊နောက်ပါးပါးလေးတွေလှီးတယ်။အာလူးထိုးတဲ့ ဂျစ်လိုမျိုးရှိလဲ
သုံးနိုင်ပါတယ်။ပါးလေကောင်းလေပါဘဲ။ဒါမှ အရသာစိမ့်ဝင်နိုင်မှာ။လှီးပြီးသားဂျင်းတွေကိုရေနွေး
ဆူဆူ ထဲမှာစက္ကန်.၃၀ လောက်နှစ်ပြီးအပေါ်အောက်လှန်၊ပြီးလျှင်ရေစစ်အအေးခံပြီးပုလင်း(သို.)
ဘူးထဲကိုထဲ့လိုက်ပါ။ပုလင်းထဲမှာအရင် အရည်ကိုစပ်ထားနော်။အချိုနဲ.အချဉ်ကိုကိုယ်ကြိုက်တာ
လေးနဲနဲပိုထဲ့လိုက်ပါ။ဒေါ်ဦးကတော့အချိုပိုကြိုက်လို.သကြားတစ်ဇွန်းပိုထဲ့လိုက်ပါတယ်။သေချာမွှေ
ပြီးရေခဲသေတ္တာထဲထဲ့လိုက်ပါ။၂၄ နာရီကြာရင်စားနိုင်ပါပြီနော်။စပ် ချို မွှေး အေး ဂျင်း စိမ်လေး
ရပါပြီ။ဆိုင်တွေကလို နီနီလေးကြိုက်ရင်တော့မုန်.ဆိုးတဲ့ဆေးလေး တစ်စက်လောက်ထဲ့လိုက်ပါ။
ပုံထဲကဆိုးဆေးက အနီစစ်စစ် ဝယ်မရလို.ရတဲ. ချယ်ရီနီအရောင်ကိုဘဲ သုံးထားတာပါ။
အစပ်ကြောက်ရင်တော့ဂျင်းပိုနုတာကိုရှာဝယ်ပါ။ဂျင်းကရင့်လေစပ်လေပါ။ဂျင်းစိမ်လေးကိုရေခဲ
သေတ္တာထဲမှာ၁ လခွဲ၂ လ ထားစားနိုင်ပါတယ်။ကြာလေအစပ်လျော့ပြီးစားကောင်းလေပါဘဲ။
စိမ်ထားတဲ့အရည်တွေကိုလဲသွန်မပစ်နဲ.နော်။သောက်လို.သိတ်ကေင်းတယ်။ရင်လဲချောင်တယ်။

ဂျင်းစိမ်ပုလင်း

သဘာဝအရောင်

ဆေးဆိုးထားတဲ့ရဲရဲလေး
ပိုနေသေးတဲ့ဂျင်းတွေကိုဂျင်းသုတ်လုပ်စားရအောင်ပါးပါးသေးသေးအချောင်းလေးတွေလှီး
ဆားနဲနဲထဲ့နှံအောင်နယ်ပြီးအရည်ညှစ်ပစ်ပါတယ်။နောက်သံပုရာ၊ရှောက်၊သံပုယိုကြိုက်ရာ
အချဉ်ညှစ်ပြီးနယ်ပါ။ဆရာစားတော့ချန်ထားနော် အချဉ်လွန်သွားပြီးစားမရဖြစ်သွားဦးမယ်။
အချိုမှုန်.လေးစားတတ်ရင်လဲနဲနဲထဲ့နယ်ပါ။များသောအားဖြင့်ဂျင်းတို.ရဲ.သဘာဝက
အချဉ်နဲ.တွေ.ရင်နီရောင်သန်းသွားတတ်ပါတယ်။ဒါပေမဲ.စင်္ကာပူကဂျင်းတွေကတော့နီမလာပါဘူး။
လုပ်ပေါင်းလဲများပါပြီ။ထူးထူးခြားခြားဒီတစ်ခါတော့ထူဆန်းစွာ နီသွားပါတယ်။ကိုယ်တိုင်လဲ
အံသြသွားပါတယ်။ဒီလိုထူးမယ်မထင်လို.အချဉ်မညှစ်ခင်က ဓါတ်ပုံမရိုက်လိုက်တာသွားသတိရ
ပြီးရိုက်ဖို.လုပ်ပါတယ်။young ginger ကကုန်သွားပါပြီ။oldginger ဘဲကျန်တော့တာနဲ.လှီးပြီးဓါတ်ပုံရိုက်လိုက်ပါတယ်။ဓါတ်ပုံရိုက်ပြီးတော့ဘာမှမလုပ်ဖြစ်တာနဲ.
အချဉ်ညှစ်လိုက်ပါတယ်။ဒီတစ်ခါတော့တကယ်ပါ။အရောင်မပြောင်းတော့ပါဘူး။တစ်ဆိုင်ထဲက
ဝယ်လာတာပါ။အချဉ်ညှစ်ပြီးသားဂျင်းလေးတွေကိုဘူးလေးနဲ.ထဲ့ပြီးရေခဲသေတ္တာထဲထဲ့သိမ်းထား
ရင်မေ့လောက်အောင်ကိုခံပါတယ်။စားခါနီးမှထုတ် မြေပဲထောင်းလေးရှိခဲ့ရင်ထဲ့ ဆီလေးနဲ.နယ်ပြီး
အဆာပလာလေးထဲ့၊ခရမ်းချဉ်သီးလေးနဲ.အဆိမ့်ကြိုက်ရင်ဘဲဥပြုတ်လေးလှီးထဲ့၊ငရုတ်သီးစိမ်းလေး
ကိုက်ရေနွေးလေးမော့နဲ.တခါတလေလက္ဘက်အစားထိုးလေးပေါ့။လက္ဘက်က လေသမားတွေနဲ.
မတဲ့ပေမဲ့ ဂျင်းကတော့တဲ့တယ်။ဘာဖြစ်ဖြစ်ပါ တန်ဆေးလွန်ဘေးတဲ့လေ။

ဒီတစ်ခါတော့ပန်းနုရောင်
ဒို.ကတော့မပြောင်းလဲဘူးဟေ့
နှစ်ရောင်ထဲပါနော် 
ရေးလို.တော့ပြီးပေမဲ့ဒေါ်ဦးပေခေါက်တဲ့အကြောင်းပြောပြဦးမယ်။ဂျင်းရေစိမ်တုံးကရေနွေးနဲ.ဆေးခဲ့
တဲ့ ဂျင်းရည်တွေကိုအိမ်ကလူကုန်တစ်ဇွန်းစီလိုက်တိုက်လိုက်တယ်။မှတ်ကရော ဖျားနာရင်တောင်
ဂျင်းပြုတ်ရည် သောက်ရသေးတာ။ဂျင်းသုတ် လုပ်တုံးကဆားနယ်ပြီးညှစ်ထားတဲ့ဂျင်းရည်တွေ
ကိုတော့ဟင်းတွေထဲထဲ့ချက်လိုက်ပါတယ်။ဂျင်းတတက်လုံးအသုံးချနည်းပေါ့နော်။ဒါတောင်
အခွံကျန်သေးတယ်။

8 comments:

  1. အမလေး..အန်တီရေ..
    ဂျင်းအခွံနဲနဲလောက်။
    အဲဒီဂျင်းစိမ်ဆိုတာ အသေကြိုက်ပေါ့။
    သားရေစာအနေနဲ့ အမြဲဝယ်စားဖြစ်တယ်။
    Made in Japan,Made in Thailand~~
    ဘိုင်ကျတဲ့အချိန်ဆိုရင် ထိုင်းပေါ့:))
    ရန်ကုန်မှာလည်းရှိတယ်နော်၊ဗူးကပျော့စီပျော့ဖတ်နဲ့ လေ။
    နောက်လုပ်စားအုံးမယ်။

    ReplyDelete
  2. စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ စမ်းလုပ်ကြည့်ဦးမှ။ နည်းလမ်းလေး မျှဝေပေးတာ ကျေးဇူးပါ။ :)

    ReplyDelete
  3. ကျမတို့ ငယ်ငယ်ကဆို တရုတ်ဆိုင်က ခေါက်ဆွဲအတွက်
    အချဉ်အဖြစ်ပေးလေ့ရှိတယ် အရမ်းကြိုက်ပေါ့
    ခုတော့ ပေါပေါလောလောရလို့လား မသိဘူး သိပ်မကြိုက်ချင်လှဘူးး)
    နည်းလေးတော့ မှတ်သွားတယ် အန်တီရေ... မွေးနေ့ဆုတောင်းအတွက်
    ကျေးဇူးပါနော်

    ReplyDelete
  4. အဲဒီလို ဂျင်းချောင်းနုနုလေးတွေကို ဖက်ထုပ်အိုးကပ်ကြော်လေးနဲ့ တွဲဖက်စားရတာ သိပ်ကြိုက်တယ်...။

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  5. မီးမီး အိမ်မှာတော့ ထမင်းရယ်၊ဂျင်းစိမ်လေးနဲ.မရောနိစ်ကိုတွဲစားကြတယ်။
    ed ရေ စမ်းလုပ်ကြည့်ပါနော်။
    baby လာလည်တာကျေးဇူးဘဲ။စ မှာတော့သိတ်မပေါဘူးထင်တယ်။လုပ်
    တတ်ကထဲသီးသန်.ဝယ်မစားဖြစ်တာကြာပါပြီ။
    မိုးငွေ. နဲ.အန်တီအကြိုက်ချင်းတူနေပြီ။
    လာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  6. အဲဒီလိုဂျင်းနုနုလေးတွေကို ဒီအတိုင်းစားတတ်နှစ်သက်တယ် အန်တီဦးရေ။ လဘက်ထက်စာရင် ဂျင်းကကျန်းမာရေးအတွက်ပိုကောင်းတယ်နော်။
    ဂျင်းရေကိုအခုမှသိတား)မျှဝေပေးတာကျေးဇူးပါ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. အန်တီတင့် လာလည်တာကျေးဇူးပါနော်။ခရီးထွက်ရာကပြန်ရောက်
    လာတော့ဝမ်းသာနေတာ။ခရီးပြန်လက်ဆောင် ပိုစ့်တွေအဖြစ် ဘုရားတွေ
    တဝကြီးဖူးခွင့်၊ဗဟုသုတပြန်မျှတာတွေရတော့မယ်ဆိုပြီးလေ။

    ReplyDelete
  8. မန်းလေးမှာ ၂၉လမ်း*၈၃လမ်းထောင့်မှာ ရှိတဲ့ ရွက်နုလှိုင် ဆိုင်မှာရောင်းတဲ့ ဂျပန်ဂျင်းနုလေးတွေ စားလို့ကောင်းမှကောင်း

    ReplyDelete