Sunday 18 September 2011

ကြံမဆိုင်ချဉ်နဲ.ပဲတီချဉ်

ယိုချူကန်း ကအစ်မတစ်ယောက်အိမ်သွားရင်းသူ.အိမ်နားကဈေးကိုဝင်မိတယ်။ဒေါ်ဦးတို.က
တွေ.တဲနေရာဈေးဝယ်တတ်တာအကျင့်ကြီးကိုဖြစ်လို.။လက်ကလဲမဆွဲနိုင်တော.သွားလေရာရာ
trolleyတစ်လုံးနဲ.လေ။ဝယ်ချင်တာလေးကောက်ထဲ့ရင်းမနိုင်တနိုင်ဖြစ်ပေါင်းကလဲများ၊အမှတ်
ကလဲမရှိနဲ.၊သံသရာလည်ပေါင်းများလှပြီ။

အစ်မတွေဈေးကနေမုန်ညင်းစိမ်းနုနုလေးတွေတွေ.တာနဲ.ဝယ်လာခဲ့ရော။ဝယ်တုံးကတော့
ချဉ်ရည်ဟင်းချက်စားဖို.နောက်တော့ကြံမဆိုင်ဖြစ်သွားရော။
မုန်ညင်းတွေကိုအမြစ်ဖြတ်ပြီးရေစင်စင်ဆေးပါ။အရိုးကြား မှာသဲတွေကပ်နေတတ်တယ်။
ပြီးတစ်နေလှန်းပါ။အရွက်များညှိုးပြီး အရိုးများပျော့သွားလျှင်ရပါပြီ။သိတ်ခြောက်သွားလျှင်အချဉ်
မဝင်တော့ဘူးလေ။ပြီးတစ်ပင်ချင်း ဆားနဲနဲ နဲ.နယ်ပါ။အရိုးနေရာလေးတွေကို လက်ဖနောင့်နဲ.ဖိလှိမ့်ပြီး
နယ်ပါ။ဒါမှအရိုးထဲဆားဝင်မှာ။ပြီးလျှင်အထုံးလေးများထုံးပါ။အထုံး ထုံးရာမှာအပြင်ဆုံး အ၇ွက်
တစ်ရွက်ကိုချန်ပြီးကျန်အရွက်များကို အဖျားကနေ၃-၄ခေါက် ခေါက်လာပြီးအပြင်ဆုံးအရွက်နဲ.
ပတ်ကာအစကိုအတွင်းထဲထိုးထဲ့ လိုက်တာပါ။နောက်ပုလင်းထဲစီထဲ့လိုက်ပြီး ထမင်းချက်
တုံးကခံထားတဲ့ ဆန်ဆေးရည်ကိုအရွက်မြုတ်တဲ့ထိထဲ့လိုက်ပါ။ဆန်ဆေးရည်မထဲ့ခင် ဆန်ဆေးရည်
ထဲကိုဆားနဲနဲထဲ့မွှေပေးနော်။လက်လေးနဲ.တို.မြည်းကြည့်လို.ငံတယ်ဆိုရပါပြီ။တအားငံသွားရင်
မချဉ်ဘဲငံကျွတ်ကျွတ်ဖြစ်သွားတတ်တယ်။ဝါဝါလေးကြိုက်ရင်တော့ဆနွင်းမှုန်.လေးနဲနဲထည့်လိုက်နော်။
စလုပ်တာမှို.ချဉ်ဖို.သေချာချင်ရင်ထမင်းတဇွန်းလောက်လဲထဲ့လိုက်ပါ။ဒေါ်ဦးကတော့ဆနွင်းနံ
ရတဲ့ကြံမဆိုင်ကိုမကြိုက်လို.မထဲ့ဘူး။ရန်ကုန်ကကြံမဆိုင်တွေကများသောအားဖြင့်ဝါဝါကြီးတွေ
များတယ်။တချို.လဲဆနွင်း၊တချို.လဲဆေးဝါဆိုးကြတယ်။အရည်ကိုလည်း အပြည့်ကြီးမထဲ့ပါနဲ.
လျှံကျတတ်တယ်။အထုံးတွေအရည်ထဲမြုပ်နေအောင်ဖိဖို.ကျောက်ခဲတုံးလေးတွေလဲရှာထားဦးနော်။
ဒေါ်ဦးကတော့လမ်းခင်းကျောက်လေး၂ တုံးကောက်ထားတယ်။အထုံးလေးတွေအရည်ထဲမြုပ်
နေအောင်ကျောက်တုံးလေးနဲ.ဖိထားလိုက်ပေါ့။ပေါ်နေရင်ပေါ်နေတဲ့နေရာကရိသွားတတ်တယ်။
၃-၄ ရက်လောက်ကြာလို.ဖွင့်ကြည့်ရင်မွှေးကြိုင်တဲ့ကြံမဆိုင်လေးတွေရပါပြီ။ကိုယ်တိုင်လုပ်တော့
သန်.ရှင်းလတ်ဆတ်ပြီးပိုကောင်းတယ်။အနံ.လေးလဲမွှေးတယ်။စင်္ကပူမှာပုံးနဲ.ရောင်းတာ(သို.)
အထုတ်နဲ.ဘယ်ဟာဖြစ်ဖြစ်ဆေးနဲ.ဖေါက်တာတွေဘဲ။ဒါမှလဲအထားခံမှာလေ။ကြံမဆိုင်ဖြစ်
သွားပြီဆိုရင်ပုလင်းထဲမှာ၂ ရက်လောက်ဘဲထားပြီးရင်ဆယ်၊အရည်စစ်ပြီးဘူးနဲ.ထဲ့ပြီးရေခဲသေတ္တာ
ထဲထဲ့ထားရင်တစ်လလောက်တော့သာသာလေးခံတယ်။(ဆန်ဆေးရေအစားတချို.ကထမင်းရည်
နဲ.လဲလုပ်ကြပါတယ်။အချဉ်ပိုမြန်ပါတယ်။ကြိုက်တာနဲ.လုပ်ပါ။အတူတူပါဘဲ။)
ကိုယ်တိုင်လုပ်တဲ့ကြံမဆိုင်လေးကိုဟင်းရည်ပြုတ်သောက်သောက်၊ပဲပြားနဲ.ကြော်စားစား၊အသား
နဲကြော်စားစားကြိုက်သလိုစားနိုင်ပါတယ်။ကောင်းမှကောင်း။

ဆားနယ်ပြီးပုံ

ကြံမဆိုင်မွှေးမွှေးလေး

ပဲတီချဉ်ကတော့လွယ်ပါတယ်။လုပ်တတ်တဲ့သူလဲများပါတယ်။ဆန်ဆေးရည်(သို.)ထမင်းရည်
ထဲကိုဆားထဲ့ပြီးပဲပင်ပေါက်ထဲ့လိုက်တာပါဘဲ။ပဲပင်ပေါက်ကိုထဲ့ရင်ရေမဆေးဘဲထဲ့နော်။ရေဆေး
ပြီးမှထဲ့ရင်ပုတ်တတ်တယ်။၃-၄ရက်ဆိုရပါပြီ။ချဉ်ပြီဆိုဆယ်၊ရေစစ်ပြီးရေခဲသေတ္တာ
ထဲထဲ့ထားပါ။တစ်ပတ်လောက်ခံပါတယ်။ပုလင်းထဲမှာဘဲထားစားမယ်ဆိုရင်တော့အမြန်စားပါ။
ရက်ကြာလာတာနဲ.အမျှ ကျွတ်ကျွတ်လေးမနေတော့ဘဲပျော့သွားပြီးစားမကောင်းတော့ပါ။
ပဲတီချဉ်ကိုတော့အတို.အမြုပ်အနေနဲ.စားတာများပါတယ်။သူငယ်ချင်းတစ်ယောက်ကတော့
ဝက်သားဟင်းလေးချက်ထဲကိုအအီပြေထဲ့ချက်တယ်။သူ.ဟင်းကဝက်သားမစားတဲ့ဒေါ်ဦးတောင်
သွားရည်တွေယိုလာတယ်။

ပဲတီချဉ်လေး

8 comments:

  1. အန်တီဦး ဒိုင်ရှိုထားတာပဲ မီးမီး ကြံမဆိုင် ၀က်ရိးဟင်းချိုအရမ်းကြိုက်တာ ဒီမှာ ကြံမဆိုင်တထုပ်ကို $ 3 ကျပ်ပေးရတာ ဈေးကြီးသလိုပဲ ခုတော့ ကိုယ့်ဖာသာပဲလုပ်စားလို့ရပီး လုပ်ဖြစ်၇င် အိုခေ မခေ အကြောင်းလာပြန်မယ်

    ReplyDelete
  2. ကြံမဆိုင်လုပ်နည်းက ကျွန်မတို့ဘက်မှာ လုပ်တဲ့ မုန့်ညှင်းချဉ်နဲ့ တူတယ် ။ ရှမ်းချဉ်မဟုတ်တဲ့ တစ်ရက်၂ရက်နဲ့ စားလို့ရတဲ့ မုန်ညင်းချဉ်လေ။ စားလို့ကောင်းတယ်.
    ခု အန်တီဦးရဲ့ ကြံမဆိုင်လုပ်နည်းကလဲ လွယ်လဲလွယ်တယ်နော် .. အတော်ဘဲ ဝယ်စားစရာမလိုအောင် လုပ်စားဦးမယ်

    ReplyDelete
  3. ကြံမဆိုင်လုပ်နည်းလေးလာယူသွားတယ် အန်တီရေ

    ReplyDelete
  4. အန်တီ ကျောက်ခဲက ပုလင်းထဲထည်.ရတာလား
    ပဲပင်ပေါက်က အချဉ်ဖြစ်ပြီးမှ ရေပြန်ဆေးသလားဟင်
    ဆိုင်ကရောင်းတာတွေက သန်.ထားတာမဟုတ်သလိုပဲ

    ReplyDelete
  5. ကျူတီ အိုကေ မကေ အကြောင်းပြန်နော်။
    ချော ချောတို.ရဲ.ရှမ်းချဉ်မဟုတ်တဲ့မုန်ညင်းချဉ်လဲစားလို.သိတ်ကောင်း
    ပြီးကြိုက်ပါတယ်။
    evy ကျေးဇူးဘဲ၊စမ်းကြည့်ပါနော်။
    anonymous ကျောက်ခဲကအပင်တွေအရည်ပေါ်မပေါ်အောင်ဖိတဲ့သဘော မှို.ပုလင်းထဲထဲ့ရမှာပါ။ကျောက်ခဲအစားထိုးပစ္စည်းရှိလဲသုံးနိုင်ပါတယ်။ပဲပင်ပေါက်ကတော့စားခါနီး
    တစ်ခါစားလေးဘဲ ဆေးဆေးပြီးစားပါ။ကြိုတော့ဆေးမထားပါနဲ.။ပုတ်မှာစိုးလို. ပါ။စင်္ကပူကပဲပင်ပေါက်ကတော့သန်.ပါတယ်။
    မဆေးဘဲစားရင်တောင်ရတယ်။

    ReplyDelete
  6. အန်တီရေ..
    ကြံမဆိုင်လေးနဲနဲလောက်၊
    ရှမ်းမုန်ညင်းချဉ်နဲ့ လုပ်တာတူတယ်နော်။
    ကျမတို့ က ထမင်းချက်ပြီးထည့်တယ်။
    ဆန်ဆေးရည်နဲ့ လည်းလုပ်ကြပါတယ်။
    အရက်၊ပါကောစားကော၊ကြံသကာ၊
    ငရုတ်သီးခြောက်တွေနဲ့ လုပ်တာကြတော့၊
    ကျမက တရုတ်မုန်ညင်းချဉ်၊
    ရှမ်းလို(ဖတ်ဆွမ်သိပ်)(ဖိသိပ်သွပ်ထဲ့ထားရတာလေ)၊
    ဒီလို ခေါ်တာအန်တီရေ....

    ReplyDelete
  7. မုန်ညင်းချဉ် ပဲတီချဉ်နဲ့ တခြားအချဉ်မှန်သမျှ အိမ်မှာပဲ ရှာလကာရည်နဲ့ အချဉ်ဖေါက်တယ် အန်တီဦးရေ။ ပိုလတ်ပြီးသန့်တယ်လို့ ခံစားရလို့း))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  8. အန်တီဦး ကြံမဆိုင် အိုခေတွားပီ မွေးနေတာပဲ ဆနွင်းမကြိုက်လို့ ပလိန်း အစိမ်းလေးပဲ လုပ်လိုက်တယ် ဘာဟင်းတွေချက်စားမလဲဆိုတော့ ၀က်ရိုးကြံမဆိုင် ရှမ်းခေါက်ဆွဲကြံမဆိုင်နဲ့ ကြံမဆိုင်ကိုငရုတ်သီးစိမ်းနဲ့ကြော်စားမယ် ဟီးဟီးးးးးးးး အခုလို မျှဝေတဲ့အတွက် တူမလေးကျူတီက ကျေးကျူးအရမ်းတင်ပါမိပါ၏

    ReplyDelete