Thursday 25 August 2011

ဘဲအချိုချက်နှင့်ကြံမဆိုင်ဟင်းချို

ntuc ကဘဲလေးတစ်ခြမ်းတွေ.တာနဲ.ဝယ်လာခဲ့ပါတယ်။တစ်ခြမ်းဆိုပေမဲ့ခုတ်လိုက်တော.တော်တော်
ရသား။ပထမတော့အကုန်ချက်မလို.ဘဲဒါပေမဲ့ညနေတနပ်စာဘဲဆိုတော့အရိုးလေးတွေခွဲပြီးဟင်းချို
ချက်လိုက်ပါတယ်။ဘဲကိုလူနဲ.မတဲ့ဘူးလို.ပြောကြတယ်။စာရေးဆရာလဲဖြစ်၊ တိုင်းရင်းဆေးဆရာကြီး
လဲဖြစ်တဲ့မကွေးဝင်းမြင့်ကတော့ ဘဲ သတ္တဝါဟာရွှံ.နွံအပုတ်အစပ်စားပြီးရေစပ်မှာနေတာမို.
အအေးစာဖြစ်လို.ကြေခဲတယ်၊အသက်ကြီးသူတွေမစားသင့်ဘူးလို.ဆောင်းပါးတပုဒ်မှာရေးဘူးပါတယ်။
အဲဒါဖတ်ပြီးကတဲကစားရမှာကြောက်နေမိတယ်။မစားတာတော်တော်ကြာနေပြီ။ခုတော့အခန်.သင့်
တာရယ် ၊ ကြိုက်တာရယ်ကြောင့်မျက်စိမှိတ်ပြီးဝယ်လာလိုက်တယ်။


ဘဲသားအချိုချက်
ကြံမဆိုင်ဟင်းရည်
ဘဲချက်ရင်လေမပွအောင်ဂျင်းနဲ.ကြက်သွန်ဖြူကိုပိုထဲ့ပါ။အားလုံးချက်တတ်တဲ့ဟင်းတခွက်
ဖြစ်တာကြောင့်ချက်နည်းမရေးတော့ဘူးနော်။ပေါင်းအိုးနဲ့ဘဲအချိန်ကုန်၊ ဂက်စ်ကုန်သက်သာအောင်
ချက်လိုက်ပါတယ်။အရိုးကိုတော့slowcookerနဲ.ပြုတ်ပါတယ်။ လျှပ်စစ်စား၊ မစားတော့မပြောတတ်ပါဘူး။
ပြုတ်တဲ့အခါရေအေးနဲ.ပြုတ်တာထက်ရေနွေးလောင်းထဲ့ပြီးပြုတ်တာကပိုမြန်ပါတယ်။ရေအေးနဲ.
ဆိုမြေအိုးပူဘို.စောင့်ရတာတင်တော်တော်ကြာတယ်။အရိုးပြုတ်ပြီးတနာရီလောက်ဆိုဂျင်းနဲ.
ကြက်သွန်ဖြူအခွံမခွာတာလေးထဲ့ပါတယ်။ကြံမဆိုင်လေးလဲနူးအောင်တခါထဲထဲ့တယ်။ဆီလုံးဝမထဲ့ပါဘူး။
နောက်နူးအောင်ဆက်တည်ပြီးအိုးချခါနီးမှာငရုတ်သီးစိမ်း၃-၄တောင့်ထက်ခြမ်းခွဲထဲ့ပါတယ်။
အနံလေးမွှေးအောင်ပါ။
ငရုတ်သီးထောင်း
နောက်ချဉ်ငံစပ်လေးစုံသွားအောင်ငရုတ်သီးထောင်းလေးထောင်းပါတယ်။မစပ်တဲ့ငရုတ်သီး
၂တောင့်၊ စပ်တဲ့ငရုတ်သီး၅တောင့်ရယ်၊ ကြက်သွန်ဖြူ၃မွှာ၊ မျှင်ငပိ ၁ ဇွန်း၊ ဆား၊ ခရမ်းချဉ်သီး
ကြီးလျှင်တခြမ်းသေးလျှင်တစ်လုံး၊ ဆီ၃၊၄စက်ထဲ့ပြီး မီးဖိုပေါ်တင်ပြီးသမအောင်မွှေပါ။
အားလုံးသမပြီး ခရမ်းချဉ်သီးကြေသွားပြီဆိုလျှင်အိုးချအအေးခံပြီးငရုတ်ဆုံထဲထဲ့ထောင်းပါ။
စားတဲ့အခါ ရင်မပူအောင် သကြားနဲနဲထဲ့ထောင်းပါ။ သကြားမများပါစေနဲ.နော် ချိုစပ်ကြီးက
စားလို.မကောင်းဘူး။ ဒီမှာက စပ်တဲ့ငရုတ်သီးက အနီရောင်၊ အစိမ်းရောင်က မစပ်ဘူး။ ဘဲသား
အချိုချက်ရဲ.အအီကိုကြံမဆိုင်ရဲ.အချဉ်ကဖြေပေးပြီးငရုတ်သီးထောင်းရဲ.အစပ်ကလေးကလဲ
ခံတွင်းတွေ.စေတာမို.အန်တီဦးတစ်ယောက်ထမင်းနှစ်ပန်းကန် ကုန်သွားပြီးနောက်ဆက်တွဲအဖြစ်
စားပြီးမှ အကြောက်ကြီးကြောက်ပြီးဖြေဆေးတွေသောက်လိုက်ရပါကြောင်း။ နောက်တခါ
အိမ်လုပ်ကြံမဆိုင် အလွယ်နည်းလေးကိုပြောပြပါဦးမယ်။

အားလုံးထမင်းမိန်ကြပါစေကွယ်။

9 comments:

  1. ဟုတ်တယ်နော်း) အန်တီပြောမှ သတိထားမိတယ်။ "ဘဲ သတ္တဝါဟာ ရွှံ.နွံအပုတ်အစပ် စားပြီး ရေစပ်မှာ နေတာမို.
    အအေးစာဖြစ်လို့ ကြေခဲတယ်၊ အသက်ကြီးသူတွေ မစားသင့်ဘူး"

    အရင် မြန်မာပြည်မှာ နေတုန်းကဆို ဘဲတွေမွေးထားတဲ့ နေရာမှာ တွေ့ခဲ့တာ ဘဲတွေက ရွှံ့ဗွက် အပုတ်တွေကို နှုတ်သီးနဲ့ ကော်ကော်ပြီး စားနေတာ... ဟီးးး။ ဘဲသားက စားလို့တော့ ကောင်းတယ်နော်။ ကြံမဆိုင်ဆိုတာ မုန်ညှင်းချဉ်နဲ့ အတူတူပဲနော်... ဟုတ်လား အန်တီ။

    ReplyDelete
  2. ကြံမဆိုင်နဲ.မုန်ညင်းချဉ်တူပါလိမ်.မယ်။မုန်ညင်းစိမ်းနဲ.လုပ်တာဘဲလေ။
    အပင်လိုက်အချဉ်စိမ်ထားတာပါ။အန်တီကတော့မုန်ညင်းချဉ်ဆိုရှမ်း
    ခေါက်ဆွဲနဲ.စားတာကိုဘဲခေါ်တယ်ထင်နေတာ။

    ReplyDelete
  3. ဘဲသားမစားရတာကြာလှပါပြီ။
    ချက်စားရင်ကောင်းမလားတွေးနေတာ။ ခုတွေ့ လိုက်တော့ စားချင်စဖွယ်နဲ့ ချက်ဖြစ်ဘို့ များပြီ။

    ReplyDelete
  4. Iora ရေ တို့တော့ဝယ်ပဲစားရမယ်ထင်တယ် တယောက်ထဲစားရမှာဆိုတော့ ချက်ရမှာသိပ်ပျင်းတာ။အဲ သိပ်လဲမချက်တတ်တာလဲပါတယ် ဟီး။အန်တီဦးကိုကျေးဇူးတင်ပါတယ်နော်။
    Mon Petit Avatar

    ReplyDelete
  5. ဘဲက ညှီလားအန်တီ

    ReplyDelete
  6.  ̡͌l̡̡̡ ̡͌l̡*̡̡ ̴̡ı̴̴̡ ̡̡͡|̲̲̲͡͡͡ ̲▫̲͡ ̲̲̲͡͡π̲̲͡͡ ̲̲͡▫̲̲͡͡ ̲|̡̡̡ ̡ ̴̡ı̴̡̡ ̡͌l̡̡̡̡._______________〰〰〰〰۩〰۩〰〰☼〰〰◥▄☰▄◤〰
    ဘဲသား နှင့် ကြံမဆိုင် တကယ် စားချင်ပါတယ်။ :)

    ReplyDelete
  7. ဘဲကင်တို့ ပီကင်းဘဲကြော်တို့တော့ ကြိုက်ပေမဲ့
    ချက်တာ မစားဖြစ်ဘူး။ ကျေးဇူးရှင်က ချက်တာကြိုက်တယ်
    အချိုချက်ဆိုတော့ ကောင်းမှာနော်။ အန်တီ့ ငရုပ်သီးထောင်းက
    စားချင်စရာကြီးး)

    ReplyDelete
  8. ဘဲကကြက်ထက်ညှီပေမဲ့ပိုစားကောင်းပါတယ်။ဂျင်းနဲ.ကြက်သွန်ဖြူက
    အညှီနံ.ပျောက်စေပါတယ်။အချိုချက်ရင်ငရုတ်ကောင်းလေးထဲ့ပြီး
    အစပ်ချက်ရင်မဆလာလေးအုပ်လိုက်ရလုံးဝကိုမညှီတော့ပါဘူး။
    အားလုံးကိုကျေးဇူးတင်ပါတယ်နော်။

    ReplyDelete
  9. ဘဲပေါင်းနဲ့ကြံမဆိုင်ကတော့ လိုက်ဖက်တယ်။ ဒီမှာလည်း မုန်ညင်းချဉ်စစ်စစ် မရှိတော့ ကြံမဆိုင်ကိုပဲ မုန်ညင်းချဉ်အစားထိုး စားကြရတယ်လေ။ ဒါနဲ့ အအေးစာက အပူစာထက် လူနဲ့တည့်တယ်လို့ မှတ်ဖူးတယ် အန်တီ... ဥပမာ.. အခါးကိုလူနဲ့တည့်တယ် စားပေးရတယ်ဆိုပေမယ့် တမာ၊ ကြောင်လျှာလို အပူခါးက လူနဲ့မတည့်ပဲ ခွေးတောက်၊ ကြက်ဟင်းခါးလို အအေးခါးကမှ လူနဲ့တည့်တာဆိုသလိုပေါ့။

    Mandy

    ReplyDelete