Wednesday 17 August 2011
ကင်ပွန်းချဉ်ဟင်းနှင်.ဝက်သားဟောင်ဘ(မျှဝေပရစေ ၂)
Maggi
ကင်ပွန်းချဉ်ဟင်းချက်နည်းလေးကိုတင်မယ်ဆိုတော့သားကဘာလို.တင်မှာလဲလူတိုင်း
ချက်တတ်တာဘဲလို.ပြောပါတယ်။ဟုတ်ပါတယ်မြန်မာပြည်ကဘယ်သူမဆိုအများအားဖြင့်
ချက်တတ်ကြပါတယ်။ချက်ပုံသာမတူချင်နေမယ်အားလုံးစားကောင်းတာပါဘဲ။ခုအန်တီပြောပြမှာက
ကင်ပွန်းချဉ်ရွက်ကိုတာရှည်သိမ်းဆည်းနည်းရယ်ချဉ်ရည်ဟင်းကိုဟင်းခတ်မပါဘဲချက်နည်းရယ်ပါ။
ကင်ပွန်းချဉ်ရွက်ဆိုတာတိုင်းတပါးမှာရှားပါးပစ္စည်းပါ။မြန်မာပြည်ကတကူးတကသယ်လာပြီး
ကိုယ်.နေရာရောက်မှပျက်စီးသွားရင်သမျှောဘို.သိတ်ကောင်းတယ်။ရေခဲသေတ္တာထဲကြာကြာထားလဲ
ပုတ်သွားပြန်ရော။ကြာကြာခံအောင်ကြော်ထားလဲကြာတော့စားမကောင်းပြန်ဘူး။ဒီလိုနေရာက
နောက်တော့လင်ညီအစ်မဆီကနည်းလေးသိလာခဲ့တယ်။သူလဲရွှေဥမင်မှာတရားလာထိုင်တဲ့
ကိုရီးယားမယ်သီလရှင်ကြီးဆီကနေနည်းရလာတာ။ဒီမှာစားတာကြိုက်သွားတော့ကိုရီးယားကိုပြန်ရင်
အများကြီးသယ်သွားပြီးအကြာကြီးထားစားတယ်တဲ့လေ။နည်းကတော့ကင်ပွန်းရွက်ကိုရေခဲသေတ္တာ
အပေါ်ထပ်ခဲခန်းထဲထဲ့ထားတဲ့နည်းပါဘဲ။၇လ၈လထားလဲအရသာနဲ.အရောင်ပျက်မသွားဘူး။
ရေခဲခန်းက ကင်ပွန်းချဉ်
ရေခဲသေတ္တာအောက်ထပ်မှာထားရင်တော့အထားမခံပါဘူး။အန်တီကတော.ကိုယ်ပြန်ရင်ဖြစ်ဖြစ်
လူကြုံရင်ဖြစ်ဖြစ်များများမှာပြီးပလတ်စတစ်အိတ်လေးတွေနဲ.ကိုယ့်အိမ်တစ်ခါချက်လေးတွေမှန်းထုတ်ပြီး
တခါထဲခဲခန်းထဲထဲ့ပါတယ်။စားခါနီးမှထုတ်ပြီးဇကာလေးထဲထဲ့အောက်ကရေခံပြီး၂ထပ်လောက်
ဆေးပါတယ်။သဲတွေများရင်၃ထပ်လောက်ဆေးပါ။ကြာကြာတော့မဆေးပါနဲ.အချဉ်သိတ်ပေါ့သွားမှာ
စိုးလို.ပါ။မြန်မာပြည်မှာငါးပေါတော့ဟင်းခတ်ဆိုငါးကိုနိုင်နိုင်သုံးကြတယ်။တခြားအရပ်တွေတော့မသိဘူး၊
ဒီစလုံးမှာတော့ငါးတော့ရှိပါရဲ.ကိုယ်မစားဘူးမမြင်ဘူးတဲ့ငါးကခပ်များများရယ်၊စားတဲ့ငါးပင်နီစူလာမှာ
သွားဝယ်တော့လဲဈေးကြီးပြီးတကူးတကသွားဝယ်ရတဲ့ဒုက္ခတွေကြောင့်ကြုံမှဘဲဝယ်တော့တယ်။maggi
chicken stock cubes လေးတွေကိုဟင်းရည်ြပုတ်ရင်အကူအနေနဲ.သုံးသလိုmaggi ikan bilis stock
cubes လေးတွေကိုလဲချဉ်ရည်ဟင်းချက်ရင်သုံးကြည့်မယ်ဆိုပြီးသုံးကြည့်ပါတယ်။ဟင်းရွက်နှင်.ဟင်းရည်
အနဲအများပေါ်မူတည်ပြီး၂တုံးမှ၃တုံးထဲ့ရပါတယ်။ပင်ကိုယ်ကချဉ်နေတဲ့ချဉ်ပေါင်တို.ကင်ပွန်းချဉ်တို.မှာ
ပိုထဲ့ရပြီးကန်စွန်းတို.မုန်ညင်းတို.မှာပုံမှန်ဘဲထဲ့ပါ။ငါးနဲ.ချက်တာလောက်လေးလေးပင်ပင်မရှိပေမဲ့
စားလိုကောင်းပါတယ်။ပုစွန်ခြောက်နဲ့ချက်တာထက်စားလို.ကောင်းပါတယ်။ပုစွန်စိုနဲ.ချက်ပြန်လဲ
ဟင်းခတ်ကအဓိကဟင်းတခွက်ချက်စာလောက်ရှိတော့လွယ်ကူပြီးစားကောင်းတဲ့ maggi တုံးနဲ.ဘဲ
ချက်လိုက်ပါတယ်။လက်လှမ်းမှီသလောက်ကိုပြောပြတော့စမ်းသုံးကြည့်ကြတာအဆင်ပြေကြတော့
ဆက်သုံးနေကြပါတယ်။ငါးမှငါးဆိုသူတွေကတော.ငါးဘဲဆက်သုံးပါနော်။အန်တီကတော့ကိုယ်
အဆင်ပြေတာလေးကိုမျှဝေတာပါ။ maggi ကအတုံးရှိသလိုပုလင်းနဲ.အမှုန်.လဲရှိပါတယ်။
ကိုယ်ကြိုက်တာသုံးပေါ့.။တခုပြောချင်ပါသေးတယ် maggi ဝယ်ရင်ပုံမှာပါတဲ့less saltမဝယ်ဘဲ
ပုံမှန်ဟာဘဲဝယ်ပါ။ဆားနဲ.ငံပြာရည်လိုက်ရသက်သာပြီးလေးလေးပင်ပင်ပိုရှိပါတယ်။
ချည်ရည်ဟင်းကပေါ့နေရင်စားမကောင်းပါဘူး။knoor တံဆိပ်သုံးလဲရပါတယ်။ဒါပေမဲ့အနံတခုရှိသလား
လို.လေ။
ကင်ပွန်းချဉ်ဟင်း
ဝက်သားကတော့အားလုံးချက်တတ်ပါတယ်။သကြားကိုဆီသတ်ပြီးအရောင်နီလာလျှင်ပဲငံပြာရည်နဲ.
နယ်ထားတဲ့ဝက်သားထဲ့လုံးပြီးနူးအာင်တည်။သိတ်မနူးခင်တရုတ်မှိုခြောက်၊ကြက်သွန်ဖြူအခွံမခွာတာ
၆ဥ၇ဥ၊ငရုတ်ကောင်းနဲနဲရယ်ထဲ့ပြီးနူးအောင်ပြန်တည်ပါ။ဆီမပြန်ခင်ချပြီးစားလို.ရပါပြီ။အဲဒိလိုချက်တာကို
ယောက္ခမကြီးကဟောင်ဘလို.ခေါ်တယ်တဲ့။အန်တီကတော့ဝက်အချိုချက်ဘဲသိပါတယ်။
မှားရင်ပြင်ပေးကြပါ။တရုတ်လိုကိုယ်မသိပါဘူး။တခုလေးတော့ပြောပရစေနော်အန်တီရေးသမျှတွေဟာ
ကိုယ်သိတာလေးတွေကိုစေတနာနဲ.မျှဝေတာပါနော်။ဆရာလုပ်ခြင်းမဟုတ်ပါ။အန်တီမသိတာတွေ
အများကြီးပါ။တချို.ဘလော်ဂါကလေးတွေဆီကပညာယူရပါတယ်။အမှားပါရင်ခွှင့်လွှတ်ပါနော်။
ဝက်သားဟင်း
အားလုံးထမင်းမိန်ကြပါစေကွယ်။
7 comments:
  1. ဒီမှာလည်း အဲ့လိုပဲ ရေခဲတဲ့ အခြမ်းမှာပဲ ထည့်ထားတတ်တယ်
    ReplyDelete
  2. အန်တီရေ ကင်ပွန်းချဉ်ဟင်းချိုမသောက်ရတာနှစ်နဲ့ချီနေပြီ
    ဒီညတော့ ဝက်သားနဲ့ ကင်ပွန်းချဉ်ဟင်းချိုလေးနဲ့ ဒင်နာတည်သွားလိုက်ပြီနော်
    အန်တီလဲ ကျန်းမာပျော်ရွှင်စွာနဲ့ စာတွေအများကြီးဆက်လက်ရေးနိုင်ပါစေလို့...
    မိုး
    ReplyDelete
  3. အစပ်အဟပ်တည့်တဲ့ ဟင်းစပ်လေးပါဘဲ
    ဗိုက်ဆာတာ တားလို့တောင်မရတော့ဘူး
    ReplyDelete
  4. I am now hungry Aunty OO, thank you for sharing how to keep this particular veggie for months.
    Mon Petit Avatar
    ReplyDelete
  5. ဟောင်း(င်)ဘ လို့ အသံထွက်ရင် ပိုနီးစပ်လိမ့်မယ်...
    မိကျောင်းမင်းကို ရေခင်းပြတာ မဟုတ်ဘူးနော်...
    ReplyDelete
  6. I always read ur post, aunty.
    Thanks for sharing.
    ReplyDelete
  7. ဟင်းတွေကို ချက်သာ ချက်နေတာ၊ သေချာသိပြီး ချက်တာ မဟုတ်တော့ အန်တီ့ပို့စ်ကနေမှ ပြန်ပြီး ဘာတွေ ဘယ်လိုထည့်တယ် လေ့လာရတယ်။ ခုလို ဝေမျှတာ ကျေးဇူးတင်ပါတယ် အန်တီ။
    တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ ပုံတွေကို ပိုကြီးပြီး ထည့်ပေးပါလို့။ မစားရ အညှော်ခံ ပုံကြီးကြီး ကြည့်ချင်လို့ပါ။ =)
    ReplyDelete