Tuesday 18 October 2011

ဒန်.ဒလွန်သီးနှင့်ဘူးသီးကြော်ချက်၊ငါးခြောက်ဖုတ်နှင့်ငါးပိသုတ်

ဒန်.ဒလွန်သီးအတောင့် လိုက်ချက်စားတာရိုးနေပြီဆိုရင်တော့နောက်တစ်မျိုးလေးစားကြရအောင်။
ဒန်.ဒလွန်ခပ်တုတ်တုတ်လေးတွေ ၄ ချောင်းလောက်ကို ရေစင်စင်ဆေးပြီး oven toaster (or)gas မီးဖို
ပေါ်တွင်ပျော့သွားအောင်ကင်ပေးပါ။အခွံညိုရောင်သန်းပြီးပျော့သွားလျှင်ရပါပြီ။နောက် ခွဲ၍အတွင်း
သားများကို ဇွန်းလေးဖြင့်အသာခြစ်ယူထားပါ။ဘူးသီးအနဲငယ်ကိုလဲလှီးထားပါ။ဟင်းခတ်အဖြစ်
ကတော့ငါးကျီးခြောက်၊ပုဇွန်ခြောက်၊ကြက်သားအသားလေးတွေကိုသုံးနိုင်ပါတယ်။ဆီအနည်းငယ်တွင်
ကြက်သွန်ဖြူနီနှင့်ဂျင်းတို.ကို နနွင်းအနည်းငယ်ထည့်၍ဆီသတ်ပါ။ဟင်းခတ်လေးထဲ့ပြီးလျှင် ဘူးသီး
ထဲ့လုံးပြီးရေနွေးအနေတော်ထဲ့ကာဆူအောင်တည်ပါ။ဘူးသီးသိတ်မနူးခင်ဒန်.ဒလွန်သီးခြစ်
ထားတာထဲ့၊အပေါ့အငံ မြည်းပြီး ဘူးသီးနူးလျှင်စားလို.ရပါပြီ။ စင်္ကပူက ဒန်.ဒလွန်သီးတွေ
ကတော်တော်ထွားပေမဲ့ မရင့်တော့အနှစ်အသားတော်တော်ရှိတယ်။
ချိုပြီးစားလို.ကောင်းတယ်။ငရုတ်သီးရောင်လေးပါမှစားတတ်ရင်လဲထဲ့လို.ရပါတယ်။
စားလို.ကောင်းတဲဟင်းတစ်ခွက်ပါ။

Monday 10 October 2011

ဂဏန်းကော်ပြန်.စိမ်း၊ကော်ပြန်.ကြော်

အားလုံးမင်္ဂလာပါနော်။ပုခုံးနဲ.ဇက်ကျည်းပေါင်းတက်ပြီးနာနေတာစာမရိုက်ရင်သက်သာတာနဲ.ဘာမှ
မလုပ်ဘဲနေတာတော်တော်ကြာသွားတယ်။သက်သာလာတာနဲ.ချက်စားတာလေးတွေတင်လိုက်ပါ
တယ်နော်။
ဘလော့တွေပေါ်မှာကော်ပြန်.လုပ်စားတာတွေမြင်တိုင်းစားချင်ခဲ့တယ်။ဒါနဲ.ကော်ပြန်.ဖတ်လေးဝယ်
လိုက်ပါတယ်။၁၀၀ ဂရမ် ကို ၁ ဒေါ်လာခွဲနဲ.၃၀၀ ဂရမ်ဝယ်လိုက်ပါတယ်။ဈေးထဲက ပဲပင်ပေါက်
ရောင်းတဲ.ဆိုင်တွေမှာရောင်းပါတယ်။မတွေ.ရင် ပိုပြန်.ဆိုပြီးမေးကြည့်ရင်ရပါတယ်။၃၀၀ ဂရမ်ကို
စိတ်ထင်အရွက် ၃၀ ကျော်ရမယ်ထင်တယ်။ခွဲခွဲစားတော့သေချာမမှတ်မိဘူး။ဂျွတ်ဂျွတ်အိတ်လေး
နဲ.ထုတ်ပြီးအောက်ခန်းထဲမှာထားရင် ၂-၃ ပတ်ခံပါတယ်။စားချင်သလောက်လေးကြိုထုတ်ထား
ရင်ပျော့သွားပါတယ်။အစာပူပူလေးနဲ.လိပ်ရင်အတော်ပါဘဲ။ပျော့သွားအောင်မိုက်ကရိုဝေ့
ထဲတော့မထဲ့ပါနဲ. ခဏဘဲပျော့ပြီးပြန်မာသွားလို.ပါ။