ရေပြောင်းဖူးလို.လဲတချို.ကခေါ်ပြီး ရှမ်းပြည်နယ်အင်းလေးဖက်မှာစိုက်တယ်လို.ပြောကြတယ်။
water bamboo ကိုတိုက်ရိုက်ဘာသာပြန်ပြီး ရေမျှစ်လို.ခေါ်တာလားမသိဘူးနော်။ရန်ကုန်မှာ
တော့သံဈေးနဲ.လှည်းတန်းဈေးတွေမှာဘဲရနိုင်ပါတယ်။ခုတော့မသိတော့ပါဘူး။
စင်္ကာပူမှာအစကshengsiong မှာဘဲတွေ.ရပေမဲ့ခုနေရာတော်တော်များများမှာတွေ.နေရပြီ။ntuc
မှာပါတစ်ခါတလေတွေ.ရပါတယ်။ရေမျှစ်ရဲ.အခွံစိမ်းလေးတွေကိုခွာပစ်ရပါမယ်။ဖြူဖြူအသား
လေးတွေရတဲ.ထိပါ။၂ -၃ ခုလောက်ခွာလိုက်ရင်ရပါပြီ။
ပြီးရင်ပါးပါးလှီး သေးသေးအချောင်းလေးတွေပြန်လှီးပြီး မျှစ်ကြော်သလိုလေးကြော်စားနိုင်ပါတယ်။
ဒါမှမဟုတ် ပါးပါးအပြားလေးအတိုင်းဘဲ ကြော်စားလဲကောင်းတာပါဘဲ။သူ.အရသာကိုကနုပြီးချိုတယ်။
သတ်သတ်လွတ်ကြော်နိုင်သလိုကြိုက်ရာ အသား၊ပုဇွန်တို.နဲ.လဲကြော်နိုင်ပါတယ်။ဂျစ်လေးနဲ.ခြစ်ပြီး
ယိုးဒယားသင်္ဘောသီးသုတ်သလို သုတ်စားလဲကေင်းတယ်လို.ပြောကြတယ်။ကိုယ်တိုင်တော့မစမ်းဘူး
သေးဘူး။သူ.သဘာဝကိုက ရင့်လာရင်အတွင်းမှာအမဲစက်လေးတွေဖြစ်လာတယ်။
ငယ်ငယ်ကတခါတလေအဲလိုအမဲစက်ပါတာလေးများတွေ.ရင် ရွေးစားတယ်။ထူးခြားနေတော့
ပိုကောင်းမယ်ထင်တာကိုး ကြီးလာမှ ရင်.လို.ဖြစ်မှန်းသိရတယ်။မဟုတ်ခဲ့ရင်လဲရှင်းပြပေးပါနော်။
ရေမျှစ်က နုပေမဲ့ကြော်တဲ့အခါ တခြားအရွက်တွေလို(ဥပမာ ဟင်းနုနွယ်)သိတ်လျော့မသွားဘူး။
စားလို.သိတ်ကောင်းလို.တစ်ခါလောက်ကြော်စားကြည့်ပါနော်။
ရေမျှစ် |
|
အသားလေးကဖြုဖြူလေး |
ကြက်သားလေးနဲ.တမျိုး |
ပုဇွန်လေးနဲ.ကြော်ထားတာ |